Ep.23

1.5K 157 2
                                    

မနက်​ခင်းရဲ့ ​ရောင်​ခြည်​​​ဖျော့​​ဖျော့က ပြတင်းတံခါးကြားရဲ့ တဖြတ်​ဖြတ်​လွင့်​​နေတဲ့ လိုက်​ကာကြားမှ တိုးဝင်​လျက်​....

မျက်​လုံးအိမ်​တို့ အသက်​မရှိသလို ​ရွေ့လျားပြီး နီရဲမို့​နေတဲ့ နှာဖျားက​လေးက အသက်​ကို ​ဖြေး​ဖြေးရှူ ထုတ်​လျက်​.....

ဖြူ​လျော့​နေတဲ့ မျက်​နှာအ​ရောင်​နဲ့ ​ခြောက်​​သွေ့​နေတဲ့ နှုတ်​ခမ်းပါးအလွှာတို့က စိတ်​ခံစားချက်​နှင့်​ ထပ်​တူကြလျက်​......

မယုံနိုင်​​သေးတာ ထက်​ မယုံကြည်​တာ......
မ​မေ့နိုင်​​သေးတာ ထက်​ ​မေ့မရတာ......
မစွန့်​လွှတ်​နိုင်​​သေးတာ ထက်​ စွန့်​လွှတ်​လို့မရတာ.....

ဒီအခန်း.....
ဒီကုတင်​......
ဒီစားပွဲ.......
ဒီထိုင်​ခုံ........
ဒီအဝတ်​အစား.......
ဖုန်​မှုန့်​က​လေးတစ်​စက်​ကအစ သူ့​ပြောင်းလဲ မသွား​စေချင်​တာ.......

အခန်းတံခါးကိုမှီပြီး  လက်​အစုံထဲက စုတ်​ကိုင်​ထားတဲ့ အကျီက​လေးကလဲ ဟိုတစ်​ကွက်​ ဒီတစ်​ကွက်​ စိုရွှဲလို့......

ရှည်​လျား​ကော့ညွှတ်​ပြီး ရွှန်းရွှန်း​ဝေ​နေတဲ့ မျက်​ဝန်းတစ်​စုံကလဲ မျက်​ရည်​တို့ရဲ့ မြစ်​ဖျားခံရာ ပင်​မကဲ့သို့......

သူအမြဲရှိ​နေမဲ့ ဝဲဖက်​ရင်​အုံ နှလုံးသားက​လေးကလဲ တစ်​စုံမပြည့်​လို့ ​ကြေကွဲသကဲ့သို့........

စိတ်​ခွန်​အားတို့ ယုတ်​​လျော့​နေ​သေးလဲ ရှင်​သန်​ရဦးမှာပဲ....

ခံစားချက်​တို့ ကင်းမဲ့​နေလဲ ရုန်းကန်​​နေရဦးမှာပဲ.....

ပိုင်​ရှင်​​ပျောက်​ဆုံး​နေလဲ ဆက်​လက်​ခုန်​​နေရဦးမှာပဲ(ရင်​ခုန်​သံ)......

တစ်​​နေ့ တစ်​​နေ့ ဒီအခန်းငယ်​ထဲ
တစ်​​ယောက်​ထဲ ပိတ်​​လှောင်​ထားပြီး ​မျှော်​လင့်​ချက်​​ရောင်​ခြည်​ ​ပျောက်​ဆုံး​နေတဲ့ ​ကောင်​က​လေးအတွက်​​တော့
ဘယ်​​လောက်​ပဲ လင်းထိန်​​နေပါ​စေ...
တစ်​စုံတစ်​​ယောက်​ လာထိန်းညှိ​ပေးတဲ့ ဆီမီးသာသာ မီးက​လေးကသာ ပြန်​လည်​ပြည့်​စုံနိုင်​မှာပါ.....

Forgive Me Not{HAITUS}Where stories live. Discover now