Ep 31

1.3K 137 16
                                    


Hi!!! relisia6800 ပါ...
.
ဒီတခါ update သိပ်မကြာဘူးထင်တယ်နော်😁

relisia6800 နဲ့ RickyTracy wall ထဲသွားပြီးတော့ လဲ တခြားficတွေ ဖတ်ပေးကြပါဦးလို့..😁
ဒီမိန်းမ ကြေပဲ ကြေငြာနိုင်လွန်းတယ်နော် 😁

ကဲ ကဲ စပြီဗျာ......




သေကွဲကွဲရတာ ဒီလောက်နာကျင်မယ်မှန်းသာသိခဲ့ရင် ကျနော်လဲ ခများနဲ့တူတူ လိုက်ခဲ့မှာပေါ့
Park Chan Yeolရယ်...

•••••••Forgive me not•••••••

"Baek Hyun ဒီနေ့ကျောင်းမလာဘူးတဲ့"

"ဟင်....အဆန်းဟ...အမြဲတမ်းကျောင်းမှန်လွန်းလို့ ကျောင်းတက်မှန်ဆုတောင်ရမယ့်လူက ကျောင်းပျက်တယ်တဲ့လား..."

Kyung Sooနဲ့ Jong Dae ပြောနေတာကို ကျနော်ဒီတိုင်းပဲ နားထောင်နေလိုက်သည်...

အော်...သူဒီနေ့ကျောင်းမတက်ဘူးတဲ့လား

နေမကောင်းတာလား....

မနေ့ကလဲ သီချင်းဆိုဖို့စင်ပေါ်တက်ခါနီးကို ဂီတာကြီးလွယ်ပြီး bar အပြင်ဘက်ကို ဘာသွားရှာလဲ မသိ....
ပြန်ဝင်လာတော့လဲ မျက်နှာကမသာမယာနဲ့...
လူကသာ ကိုယ်တွေနဲ့အတူတူရှိနေတာ..
စိတ်က ဘယ်ရောက်နေမှန်းကို မသိတာ အသိသာကြီးကို
ဘာဖြစ်နေလဲမေးကြည့်တော့လဲ
"ဘာမှမဖြစ်ဘူး"ဆိုတဲ့ အေးစက်စက် အဖြေစကားပဲ ရခဲ့တယ်လေ...

Baek Hyunရယ်...

ဒီOh Se Hun ဆိုတဲ့လူကိုလေ...

မင်းရင်ထဲက ခံစားချက်တွေကို ရင်ဖွင့်လို့ရပါတယ်ကွာ...အမြဲ အဆင်သင့်ပါ...

ပြောမဲ့သာပြောတာပါ...မင်းကငါ့ဆို ဘယ်တော့မှ အဖက်မလုပ်ဘူးကွာ...

အခုလဲ Kyung Soo ပြောမှ မင်းကျောင်းမတက်ဘူးဆိုတာ ငါသိရတာ...

မင်းငါ့ဖုန်းနံပါတ်ကို မသိလို့လား

Kyung Sooကို မင်းမလာဘူးဆိုတာ အကြောင်းကြားသလို မင်းငါ့ကို အကြောင်းကြားရင် ငါပျော်သေမှာစိုးလို့လား
Byun Baek Hyunရဲ့...

"yar..Se Hun ဘာတွေ စဉ်းစားနေတာလဲ...."

"ဟမ်...."

"ငါတို့ခေါ်နေတာကြာပြီ...စိတ်ကဘယ်ရောက်နေတာလဲ...ငုတ်တုတ်ကြီး မေ့နေတယ်..."

Forgive Me Not{HAITUS}Where stories live. Discover now