Ep.35

1.2K 116 4
                                    

တိုးဝင်​လာတဲ့ အလင်းစူးစူးနဲ့အတူ ဝင်​​ရောက်​လာကြ​သော မဲ​ရောင်​ဝတ်​ ​ယောက်ျားသားများ~

သူ့​ခေါင်း​ပေါ်ကို ချိန်​ရွယ်​ခဲ့​သော ​သေနတ်​​လေးက ယခုဆိုရင်​​​တော့ ကံ​ကောင်းစွာနဲ့ပင်​ ဦးတည်​ရာ​ပြောင်းသွားခဲ့သည်​....

အစထဲက အင်းအားတစ်​စုအစပြကာ ဝင်​လာ​သော လူအုပ်​သည်​ ဂို​ထောင်​အတွင်းရှိ လူအနည်းငယ်​ကို ငြိမ်​ကျသွား​အောင်​​စေနိုင်​ခဲ့သည်​....

မှိတ်​တစ်​ချက်​ ပွင့်​တစ်​ချက်​ နိုးထလာ​သော မျက်​ခမ်းနှစ်​လွှာကြားတွင်​ သတိဆို​သော သက်​ပြင်း​လေးသည်​ ဟိုဒီ​ပြေးကာ ကူးယှက်​​နေသည်​~

အတွင်းမှ လူများအားလုံးငြိမ်​ကြသွားပြီးမှ ​ပေါလစ်​​ရောင်​​ပြောင်​လက်​​နေ​သော ဖိနပ်​တစ်​စုံသည်​ လင်းဖျ​နေ​သော ​ရောင်​ခြည်​ကို ခွဲ၍ ဂို​ထောင်​အတွင်းသို့ တစ်​လှမ်းခြင်း စံမြန်းလာခဲ့သည်​...

ကြမ်းပြင်​တွင်​ လဲကျ​သော သူ့အားတစ်​ချက်​ ငဲ့ကြည့်​၍ ထိုသူသည်​ ​ဘေးဖက်​သို့်​ရှောင်​ဖယ်​ထွက်​သွား​လေသည်​...

"ဘာလို့များ လူတစ်​​ယောက်​အသက်​ကို ​ပေါ့​ပေါ့​လေးကစား​နေတာတုန်း??ဟမ်​???"

ဩရှရှဖြင့်​ထွက်​​ပေါ်လာ​သော ထိုသူ၏ အသံသည်​ ကြားရသူရင်​ထဲကို အမိန့်နာခံလိုစိတ်​တဖွားဖွားပြင်းပြ​စေ​နေလိမ့်​မည်​.....

နားထဲမှ ရင်းနီး​နေပြီး​သော တရုတ်​စကားတို့သည်​ ပွင့်​ဟလာခြင်းခြင်းပင်​ သူ့အကြားအာရုံတွင်​ ပဲ့တင်​ထပ်​လာ၏.

အေးစက်​စက်​ကြမ်းပြင်​နှင့်​ ကပ်​​နေခဲ့​သောပါးခွာပြီး လက်​​ထောက်​ကာ ငုတ်​တုပ်​အ​နေထားပြန်​ထိုင်​လိုက်​သည်​.....

ChanYeol ​စောင်းငဲ့ကြည့်​​တော့ ခုဏက သူ့ကို ​သတ်​ရန်​အမိန့်​​ပေးခဲ့သူသည်​ ထိုလူ​ရှေ့တွင်​ ကျုံ့ကျုံ့ရုံ့ရုံ့ ရိုကျိုး​နေရသည်​...

"သူတို့က ဝယ်​လက်​​တွေ ဖြတ်​....လ...လု"

"မင်းတို့အဖွဲ့ ငါတို့ဆီက လုတုန်းက​ရော???
ဒီလူ​လေးနှစ်​​ယောက်​ကိုမှ လာ​ကြောက်​​နေတယ်​!ဟက်​!"

Forgive Me Not{HAITUS}Where stories live. Discover now