Ep.15

1.5K 137 1
                                    

"​တောင်းထားတဲ့ ပမာဏ..အတိအကျပဲ...
နည်းနည်း​လေး​တောင်​ အ​ရောအ​နှော မပါဖူး!!!"

"သိပါတယ်​...အဲ့တာ​ကြောင့်​ပဲ ခင်​​ဗျားတို့နဲ့ပဲ အလုပ်​လုပ်​တာ​ပေါ့!!!"

"အခုတ​လော တအားကျပ်​တယ်​...သိတယ်​မလား???ဒီတစ်​​ခေါက်​​တော့...."

"ဘယ်​​လောက်​လဲ??တစ်​​ထောင်​ထပ်​​ပေးရမလား နှစ်​​ထောင်​ထပ်​​ပေးရမလား??"

"ကြိုက်​တယ်​​ဗျား!!!! အာ့တာမျိုးမှလဲ အဆင်​​ပြေတာ....
ထောင်​ချီပြီး မလိုပါဖူး​ဗျာ...ရာဂဏန်း​လောက်​​တော့ ​ဈေးမြင့်​မယ်​..."

"မင်းတို့ဖက်​က ကြိုက်​သ​လောက်​မြှင့်​...ငါတို့က အဆင်​သင့်​ပဲ!!!
တစ်​ခု​တော့ရှိတယ်​...
ပစ္စည်းမစစ်​တာတို့ ချိန်းထားတဲ့အချိန်​မ​ရောက်​တာတို့ ဖြစ်​ပြီး ဟိုဖက်​နဲ့ ငါတို့ မျက်​နှာပျက်​ရင်​​တော့ မင်းတို့ အသက်​..."

"စိတ်​ချပါ...မဖြစ်​​စေရဖူး!!!!ကတိပျက်​တယ်​ ဆိုတာ Demonic Lightအဖွဲ့မှာ မရှိခဲ့ဖူးဘူး...
ကဲ..ကျွန်​​တော်​တို့ သွားလိုက်​ပါဦးမယ်​..."

တဖက်​လူရဲ့ ​ခေါင်းတချက်​ ဆတ်​ရုံမျှ အမူအရာကို မြင်​တာနဲ့ တစ်​ခါထဲ စက်​ရုံ​ဟောင်းထဲမှာ ထွက်​လာခဲ့သည်​....
Demonic Lightဆို​သော အဖွဲ့က နယ်​နယ်​ရရအဖွဲ့ မို့လို့ ဤသို့ ဝယ်​လက်​ကို ရိုကျိုး​နေခြင်းမဟုတ်​!!!

အ​မှောင်​ ဂိုဏ်းသားများ ဖြစ်​​သော်​ငြားလဲ ဤ​လောကတွင်​ အချိုသတ်​၍ ​နေကြ​သော တကယ့်​အဖွဲ့ကြီး တစ်​ဖွဲ့...
ပြသနာများ ​ပေါ်လာရင်​လဲ တည်​တည်​ငြိမ်​ငြိမ်​နဲ့ပဲ ရန်​ပွဲပြီး​စေ​သောအဖွဲ့!!!

သို့​သော်​....

ပြသနာတိုင်းမဟုတ်​.....
သူတို့​ဘောင်​ အတွင်း သို့ ​လာ​နှောင်​ယှက်​စည်း​ကျော်​လျှင်​​တော့ လက်​မရွံ့သူများ စုထား​သော အဖွဲ့ ဖြစ်​သည်​....

"ဒီတစ်​​ခေါက်​ ဝယ်​လက်​ သူ​ဌေးအသစ်​ကို နည်းနည်းစုံစမ်းထား....​ခေတဲ့သူ​တော့ မဟုတ်​ဖူး!!!"

"Nae boss!!!"

__________________________

"Hyunnee"

Forgive Me Not{HAITUS}Tempat cerita menjadi hidup. Temukan sekarang