Ep.40

1.3K 117 4
                                    

TaeWon ၏ မျက်​ဝန်းတို့တွင်​ အံ့ဩမှုတို့ မဟုတ်​ဘဲ ​ကြောက်​ရွံ့မှုတို့ဖြင့်​.........

သူမီးအလင်း​ရောင်​ သိပ်​မရလို့ မှားမြင်​လိုက်​သည်​ဟု မှတ်​ယူပြီး သူ ​ဆက်​​ပြောခဲ့သည်​။

TaeWon မျက်​နှာက​တော့ နည်းနည်း​လေး​တောင်​ တုန်​လှုပ်​မသွား

သူ TaeWon ရဲ့ ပုခုံးတို့ကို ဆွဲခါပြီး

"Hyung ဘာဖြစ်​​နေတာလဲ?!!!!"ဟု ​အော်​ဟစ်​​မေးလိုက်​ရသည်​အထိ.

ထိုအခါမှ TaeWonက သူ့မျက်​ဝန်းက မျက်​ရည်​စ​တွေကို သိမ်းကာ သက်​ပြင်းချပြီး

"ChanYeol yr~~~"

>>>>>>>>>>>>>>>>>>><



ဘယ်​သူမှမရှိ၍ တိတ်​ဆိတ်​​နေ​သော Byun အိမ်​​တော်​က သူ့ တံခါးဆွဲဖွင့်​သံ အဆုံး ရုတ်​ချည်းမဆို ဆူညံလာပြန်​၏။
နှစ်​အ​တော်​ကြာ​နေတာ​တောင်​ ကျင့်​သားရ​နေတဲ့ အခန်းဖွဲ့စည်းပုံ​တွေ​ကြောင့်​ သူ မီး​တောင်​မဖွင့်​ဘဲ ခပ်​သွက်​သွက်​သာ မ​ပြေးရုံတမယ်​ ​​ရွေ့လျား​နေခဲ့သည်​။

တန်းတန်းမတ်​မတ်​ပင်​ သူ့အ​ဖေသုံးခဲ့တဲ့ စာဖတ်​ခန်းထဲ ဝင်​လိုက်​​တော့ အရာအားလုံးက ယိုယွင်းမှု တစ်​ခုမှ မရှိ.

"ဟက်​! ဟန်​​ဆောင်​​ကောင်းလိုက်​တာ.."

စိတ်​နာနာနဲ့ ​အောက်​နှုတ်​ခမ်းပြား​တွေကို ပြတ်​ထွက်​မတတ်​ကိုက်​ထား​သော်​လည်း နာကျင်​မှုဆိုတာကို သူမခံစားရ.

အခု သူရှာရမဲ့ အရာကား ......
အ​ရေးကြီးလွန်းသည်​မလား?

သူ စာကြည့်​စားပွဲဆီကို ခပ်​မြန်​မြန်​သူသွားလိုက်​ပြီး မီးခံ​သေတ္တာကို ​သော့ခတ်​ထားတဲ့ ​ဗီဒိုသော့ကို လိုက်​ရှာရပြန်​သည်​။

"ရပြီ..."

စိတ်​ထဲက ​ရေရွတ်​မှုက အပြင်​ကို ထွက်​လို့ ထွက်​မှန်းမသိ​တော့သည်​အထိ သူစိတ်​​မော​နေခဲ့သည်​။
သူ ​ဗီဒိုတံခါးကို ဆွဲထုတ်​လိုက်​ပြီးချိန်​တွင်​ ဂဏန်းကွက်​ကိုးကွက်​က သူ့ရဲ့ ​မောဟိုက်​​နေမှုကို အရူးသဖွယ်​​လှောင်​​ပြောင်​​နေခဲ့သည်​။

Forgive Me Not{HAITUS}Место, где живут истории. Откройте их для себя