Ep.41

1.2K 85 5
                                    

မိုး​ကောင်​ကင်​၌ လမင်း၏ အရိပ်​အ​ယောင်​ကားမ​တွေ့ရ...
ကြယ်​စင်​အ​ပေါင်းတို့ကလည်း တိမ်​ညိုတို့ဖုံးသဖြင့်​မထွန်းလင်းရ
ထို့အပြင်​ အခန်းတွင်း အ​မှောင်​မိုက်​တို့ကလည်း ကြီးစိုးလျက်​သား။
သို့​ပေငြား ပြတင်းတံခါးက အလင်းပြပြက ထွန်းလင်းလျက်​...

သို့​သော်​ စိတ်​တွင်း ကြီးစိုး​နေ​သော အ​မှောင်ကြီးစိုးမှုကို​ရော?

>>>>>>>>>>>>>>>>>>>>>><


မှောင်​မည်း​နေ​သော အခန်း​ထောင့်​မှာ သူထိုင်​၍ ငိုင်​​နေမိသည်​မှာ ဘယ်​​လောက်​ရှိသွားသလဲ မသိ​တော့.....
စာအုပ်​ကို ဆုပ်​ကိုင်​ထား​သော လက်​များကပင်​ အံ​သေ​၍​နေ​လေပြီ။
ကိုက်​ခဲစပြု​နေပြီဖြစ်​​သော လက်​အဆစ်​တို့ကို သူလျစ်​လျူ၍ စာအုပ်​ကို ထပ်​မံဆုတ်​ထားမိသည်​။
ဆုံးဖြတ်​တစ်​ခုကို ချပြီးသည့်​​နောက်​ စားကြည့်​စားပွဲကို သွားပြီး မီး​ရောင်​ပျပျ၏ အကူအညီနှင့်​ စာအုပ်​၏ ပထမဆုံးစာရွက်​ကို စတင်​ခဲ့မိ​လေ​တော့သည်​......



>>>>>>>>>>>>>>><

1979 May 15,

ဒီစာအုပ်​​လေးအတွက်​ ​ကျေးဇူးတင်​ပါတယ်​ OnHyun(အွန်​​ယောင်း).........
ငါ့အတွက်​ ဒီဆယ့်​​ခြောက်​နှစ်​ပြည့်​ ​မွေး​နေ့က နင်​ရှိ​နေလို့ ပြည့်​စုံခဲ့ပါတယ်​........

>>>>>>>>>>>>>>>>>>><

1979 Dec 25,

မီး​ရောင်​​တွေ​အောက်​မှာ နင်​​တောက်​ပ​နေလွန်းတယ်​ OnHyunရယ်​.....

ပြီး​တော့........
ငါ့ရဲ့ ရင်​ခုန်​သံ​တွေကို စမ်းစစ်​ခွင့်​ရတဲ့အတွက်​ ​ကျေးဇူးပါ...

ငါနင့်​ကို ချစ်​မိ​နေပြီ အွန်​​ယောင်း...

>>>>>>>>>>>>>>>>>>>>>><

1981 March 26,

စင်​မြင့်​​ပေါ်မှာ သီချင်းဆို​နေတဲ့ နင်​က နတ်​သမီးတစ်​ပါးလို ပြည့်​စုံ​နေခဲ့တယ်​ အွန်​​ယောင်းရယ်​...
နင့်​ကို ကြည့်​​နေကြတဲ့ ​ကျောင်းသား​တွေရဲ့ မျက်​လုံး​တွေကလည်း မုန်းစရာ​ကောင်းလွန်းတယ်​....
ဒါမဲ့ အွန်​​ယောင်း.......
ငါရဲ့အကြည့်​​တွေက​ရော ဖြူစင်​​နေပါဦးမလား??




Forgive Me Not{HAITUS}Where stories live. Discover now