Ep.44

698 53 0
                                    

TaeWon အသက်​ကို ပြင်းပြင်းရှူထုတ်​ကာ ​မှောင်​မည်း​နေ​သော ဂို​ထောင်​ထဲ ၀င်​လာခဲ့သည်​။

ထိုဂို​ထောင်​ထဲတွင်​ သူကံစမ်းရမည့်​ ထီလက်​မှတ်​ရှိသည်​ ။
ကံ​ကောင်းလျှင်​ သူ ChanYeol နဲ့ ​တွေ့ဆုံရမည်​ဖြစ်​ပြီး ကံမ​ကောင်းလျှင်​ ​ပေးလိုက်​ရမည်​မှာ သူ့အသက်​ဖြစ်​သည်​။

သူ တည့်​မတ်​စွာပင်​ ထင်း​ချောင်းတို့ကို မီးရှို့ထား​သော စည်​ပိုင်းကြီးဆိ​ တည့်​တည့်​​လျှောက်​လာလိုက်​သည်​။
ဆေးဝယ်​ချင်​ပါသည်​ ဟူပြီး လိမ်​ညာ​ခေါ်​သော သူ့ကို ဘယ်​လို တုန့်​ပြန်​မှု​ပေးမလဲ သူ မသိနိုင်​​သေးသည့်​အတွက်​ အနည်း​တော့ သူတုန်​ရီ​နေပါသည်​။

အနီး​ရောက်​​တော့ အ​မှောင်​ထဲမှ လူနှစ်​​ယောက်​က ​သေတ္တာတစ်​လုံးကို ဆွဲကာ ထွက်​လာသည်​။ သူ တံ​တွေးကိုမြိုချလိုက်​ရင်း သူ့အနားသို့​ရောက်​လာ​သော လူ​နှစ်​​ယောက်​၏ မျက်​လုံးတည့်​တည့်​ကို စိုက်​ကြည့်​ထားလိုက်​သည်​။

"ဒီမှာ....မင်း လိုချင်​တာ "

ထိုး​ပေးလာ​သော ​သေတ္တာကို မယူဘဲ TaeWon တစ်​ချက်​သာ ကြည့်​လိုက်​သည်​။ ဘယ်​​တော့မှ မပြုံးမရွှင်​ကြ​သော ထိုမျက်​နှာများသည်​ ယခုအချိန်​တွင်​ TaeWon အတွက်​ ပို​ကြောက်​ဖို့ ​ကောင်း​နေသည်​။

"​တောင်းပန်​​ပေမဲ့ ငါ ဒီ​နေ့လာတာ အ​ပေးအယူအတွက်​ မဟုတ်​ဘူး "

ထိုလူနှစ်​​ယောက်​က တစ်​​ယောက်​မျက်​နှာ တစ်​​ယောက်​ကြည့်​ပြီး မျက်​ရိပ်​မျက်​ကဲပြကာ ပြန်​ထွက်​သွားခဲ့သည်​။ ဘာမှ မတုန့်​ပြန်​​သော ထိုသူတို့ကို ကြည့်​ပြီး TaeWon သူ ကံ​ကောင်းပြီ ဟု မှတ်​ယူလိုက်​ချင်​​သော်​လည်း တစ်​သတ်​မှတ်​တည်း​တော့ သူ မ​တွေးရဲပါ....

ထို သူနှစ်​​ယောက်​၏ အရိပ်​​ပျောက်​ကွယ်​သွား​သော အခါတွင်​ အခြားအရိပ်​နှစ်​ခုကာ ညီညာ​သော ​ခြေလှမ်းတို့ဖြင့်​ သူ့ဆီလှမ်းလာ၏။...
နှစ်​​ယောက်​လုံး၏ ​ခြေလှမ်း​တွေက သိပ်​ကို ခိုင်​မာသည့်​အပြင်​...အရိပ်​လေးပဲ မြင်​သည်​​တောင်​ ပြားပြားဝပ်​​စေ​နိုင်​​သော အရှိန်​အ၀ါမျိုးနှင့်​ ။

Forgive Me Not{HAITUS}Where stories live. Discover now