Ep.37

1.3K 125 3
                                    

*AN-The Former Episode 37 is deleted.

BaekHyun's Pov,

သူသည်​ ကျွန်​​တော့်​ကို စိုက်​ကြည့်​ပြီး.....
ကျွန်​​တော့်​အ​ရှေ့ တူရူ​တွင်​ ရပ်​​နေခဲ့သည်​....

သူနှင့်​ကျွန်​​တော်​တို့၏ မျက်​ဝန်းမှ စကားသံတို့သည်​ အလှဲအလှယ်​နဲ့ ​အော်​ဟစ်​​နေ​သော လူအုပ်​ကြီးကို ​ကျော်​လျက်​ ဆူညံ​နေ​လေသည်​....

သူ့မျက်​ဝန်း​တွေမှ စီးကျလာ​သော မျက်​ရည်​စများကို မြင်​ရသည့်​အခါ ကျွန်​​တော့ မျက်​လုံးများကလဲ ​ဝေဝါးလာခဲ့သည်​...

မမြင်​ရ..မ​တွေ့ရတာ ကြာ​သော မျက်​ဝန်းများ နှုတ်​ခမ်းပါးများသည်​ မလှုပ်​မယှက်​ ငြိမ်​သက်​​နေလွန်းခဲ့သည်​ဟုထင်​မြင်​မိသည်​...

ကျွန်​​တော့မျက်​ဝန်း​တွေမှ မျက်​ရည်​​တွေ ခ​နေသလို...
သူမျက်​ဝန်း​တွေမှာလဲ မျက်​ရည်​မိုး ရွာသွန်း​နေခဲ့ပါသည်​...

သို့​သော်​ ကျွန်​​တော့်​မျက်​ဝန်းများ တုန်​လှုပ်​​နေခဲ့သလို...
သူမျက်​ဝန်း​တွေ တုန်​မလှုပ်​​နေခဲ့ပါ......

တဆတ်​ဆတ်​တုန်​ခါ​နေ​သော နှုတ်​ခမ်းများကလဲ ရုတ်​တရပ်​အံ့ဩမှု​တွေ​ကြောင့်​ ဆက်​လက်​ ဆွံ့အ​နေဆဲ.....

လှုပ်​ရှားတီးခတ်​​နေ​သော ​​ခြေလက်​များကလဲ ကြိမ်​ဖန်​များစွာ ​လေ့ကျင့်​ချက်​​တွေ​အောက်​ အသက်​ဝင်​ဆဲ..

ရုတ်​တရပ်​!!!!!

လှုပ်​ရှား​နေခဲ့​သော ဂီတာကြိုးမှ ထွက်​​ပေါ်လာ​သော သံစဉ်​များသည်​ ဝမ်း​ဗိုက်​​ပေါ်ကို ဖိနှိပ်​လိုက်​​သော ကျွန်​​တော့လက်​များ​အောက်​တွင်​ ပြတ်​​တောက်​ခဲ့ရပြန်​သည်​....

ဆူဆူရုန်းရုန်းဖြစ်​သွားတဲ့ လူအုပ်​ကြီးကြားမှ သူဟာဆိုရင်​ မျက်​ရည်​များနဲ့ မလှုပ်​မယှက်​ ငြိမ်​သက်​​နေဆဲ...

ဝေဝါးရုံမက လည်​ပတ်​လာ​သော အမြင်​အာရုံ​အောက်​တွင်​ သူ၏တည်​ရှိမှုသည်​လဲ ကျွန်​​တော့်​ မြင်​လွှာ​အောက်​တွင်​ ပြန့်​လွင့်​လာခဲ့သည်​. ..

တစ်​ဆစိ​ တစ်​ဆစီ တိုး​ဝေ့လာ​သော အ​မှောင်​ထုက​တော့ လူအုပ်​​တွေကြားက သူ့ကို ကျွန်​​တော့ထံမှ ဆွဲ​ခေါ်သွားကြပြန်​ပြီ​လေ.........

Forgive Me Not{HAITUS}Where stories live. Discover now