Ep. 43 (My Little Brother)

638 47 0
                                    

မှောင်​ရိပ်​ထဲမှ တဖြည်းဖြည်း ​ရွေ့လျားလာ​သော အရိပ်​တစ်​ခု...
ပုခုံး​ပေါ်မှ ​ခေါင်းတို့က စိုက်​ငိုက်​ကျလျက်​ ၊ ​လေးဖင့်​​နေ​သော ​ခြေလှမ်းတို့ဖြင့်​ နံရံကို အမှီပြုပြီး ဆက်​​လျှောက်​လှမ်းလျက်​...။
လက်​ထဲတွင်​​တော့ ထုံးစံအတိုင်း ​သွေးစွန်း​နေ​သော ပစ္စတိုတစ်​လက်​....

"အဟက်​! "

သူ သတ်​ခဲ့​သော လူ​သေအ​လောင်းများအ​ပေါ် ဖြတ်​​လျှောက်​ခဲ့ရသည်​က သူ့အတွက်​ ​ကျေနပ်​​နေရ​သော်​လည်း တစ်ဖက်​တွင်​လည်း ကွဲအက်​နာကြင်​​နေရသည်​။

သူ...သူ့လက်​ထဲက ​သေနတ်​ကို မည်​မျှ ထိန်းချုပ်​ထားရလဲဆိုတာ သူသာသိ၏။ ​နောက်​ဆုံး​သော ကျည်​တစ်​​တောင့်​ကို Byun TaeHyun ၏ ​ခေါင်းထဲ ပစ်​မသွင်းမိ​အောင်​ ဘယ်​​လောက်​ကြိုးစား​နေရလဲ သူသာ အသိဆုံးဖြစ်​၏။

ထို့​ကြောင့်​ပင်​....သူ အပြစ်​မဲ့သည်​မဟုတ်​​ပေမဲ့ အပြစ်​မရှိသူတို့ကို လိုက်​သတ်​မိ​နေသည်​။ သူ့အ​ဖေကို သတ်​ရန်​ အလုပ်​​ပေးခံရသည့်​ ဂိုဏ်းမှ အဖွဲ့ဝင်​များကို ​ရှာ​ဖွေသတ်​​နေမိသည်​ အထိ။

သွေးစွန်း​နေ​သော သူ့ရဲ့လက်​​တွေ ၊ ​မျက်​ရည်​​တွေ စွန်းထင်း​နေ​သော သူတို့ရဲ့ ရန်​ငြိုး​တွေ ...အမုန်းတရား​တွေ....

ဖြစ်​နိုင်​လျှင်​ အရာအားလုံးကို စွန့်​လွှတ်​လိုက်​ချင်​​နေပါပြီ။

**************

"ချန်းလျဲ့ ! "

လက်​​မောင်းကို ဆွဲကာ လှမ်းတား​သော Kris ရဲ့ လက်​​တွေကို သူမရုန်းမိ ။ ခံစားချက်​မဲ့​သော စက်​ရုပ်​တစ်​ရုပ်​အတိုင်းပင်​ ... သူ အသက်​မဲ့​နေ​သော မျက်​၀န်း​တွေနှင့်​သာ ​ကြောင်​​တောင်​​တောင်​ ရပ်​​နေမိ၏။

"​တော်​သင့်​​နေပြီ ချန်းလျဲ့ ... ဒီကိစ္စက ဂိုဏ်း​တွေကြား ​စောင့်​ထိန်းရမဲ့ စည်းကမ်း​တွေကို ချိုး​ဖောက်​​နေတယ်​ဆိုတာ မင်းသိတယ်​မလား ? "

ပြော​နေ​သော်​လည်း ​ရေပြင်​ညီအတိုင်း တ​သေမတ်​တည်း ဖြစ်​​နေ​သော ChanYeol ​ကြောင့်​ Kris သက်​ပြင်းသာ ချမိ​တော့သည်​။ ချန်းလျဲ့သည်​ သူ့၏ လက်​​အောက်​ငယ်​သားဆိုသည်​ထက်​ ပိုသည်​။ ချန်းလျဲ့သည်​ သူ့၏ သစ္စာခံလက်​ရုံးတစ်​​ယောက်​ဆိုသည်​ထက်​ အဆများစွာ ပိုလွန်​သည်​။

Forgive Me Not{HAITUS}Where stories live. Discover now