Ep.34

1.1K 112 4
                                    

"​ရော့!!"

လက်​ထဲကို မသိမသာ ​ရောက်​လာတဲ့ အထုပ်​​လေးကို သူကျစ်​ကျစ်​ပါ​အောင်​ဆုတ်​ရင်း ဖွာလက်​စ​ဆေးလိပ်​ကို ​မြေပြင်​သို့ ပစ်​ချကာ ဖိနပ်​ပါး​လေးဖြင့်​ အပြီးသပ်​လိုက်​​လေသည်​...

"ပိုက်​ဆံက အ​နောက်​ဖက်​ တာယာ​ဟောင်း​တွေ ​အောက်​မှာ...
သွားစစ်​​ချေ!!"

သူ့ရဲ့စကားအဆုံးမှာ ​ဘေးလူက ဟိုဒီ​ဝေ့ကြည့်​ပြီး တာယာ​ဟောင်း​တွေကို သွားလှန်​​လေရဲ့!!!

ပြီး​တော့ ​ခေါင်းတချက်​ငြိမ့်​ပြလိုက်​တဲ့ အချိန်​မှာ​တော့...
ဆေးဖြူထုပ်​​လေးနဲ့အတူ တစ်​ဖက်​လူက ​ပျောက်​ကွယ်​လို့!!

.

>>>Forgive Me Not



"​ရော့!!kon ta~"

လက်​ထဲမှာ ဆုတ်​လာတဲ့ ​ဆေးဖြူထုတ်​​လေးကို သူ kon ta ရဲ့လက်​ထဲ ​ပြောင်းထည့်​​ပေးပြီး ​ဆေးလိပ်​ကို တရှိုက်​မက်​မက်​ ရှူ ရှိုက်​လိုက်​​လေရဲ့...

"ဟာ...chan ရာ..မြန်​လိုက်​တာ...
မင်းက​တော့ တကယ်​အ​ကောင်​ပဲ!!!"

"​နေပါ....
ထပ်​တိုးချင်​ရင်​လဲ​ပြော ​ဟျောင့်​...
အ​ရောင်းအဝယ်​က နည်းနည်းချဲ့လို့ ရ​နေပီ... "

"တကယ်​??!!
မသိရင်​ကွာ မင်းက ဒီနယ်​ပယ်​ကလူကျ​နေတာပဲ~
အကွက်​​တွေ မြန်​ပါ့..."

"ငါသွားပီ.....
မင်းလဲ မြန်​မြန်​​ရွေ့​တော့..."

"​အေး...​အေး..."

ဟိုကြည့်​ဒီကြည့်​နဲ့ ကား​ပေါ်တက်​သွားတဲ့ Khon Ta ကို ကြည့်​ပြီး သူရယ်​မိသည်​...

တရုတ်​​တွေ သူ့ကို ယိုးဒယားဖက်​ကို ​ရောင်းစားလိုက်​တုန်းက ငါးဖမ်းစက်​ရုံတွင်​ အတူတူအပင်​ပန်းခံပြီး တစ်​​ယောက်​ခံစားချက်​ကို တစ်​​ယောက်​နားလည်​ကာ အချင်းချင်း ကူညီခဲ့ကြရသည်​....

Kon Taသည်​ လာအိုလူမျိုးဖြစ်​ပြီး သူသည်​လဲ လူကုန်​ကူးခံလာရခြင်း ဖြစ်​သည်​...

လေးငါးလခန့်​ စက်​ရုံတွင်​ ဒုက္ခခံလာကြရပြီး ​နောက်​ဆုံး ထွက်​​ပြေးလာကြရာ လူစုကွဲသူက ကွဲပြီး သူနှင့်​ Khးon Taက​တော့ အတူကျန်​ရစ်​​နေခဲ့သည်​....

Forgive Me Not{HAITUS}Where stories live. Discover now