Part 1 - Am I being mean to you?

8.8K 331 7
                                    

[Unicode]

Scene 1:

အထက်တန်း ကျောင်းသူလေး MiRae အတန်းမစခင် ပြတင်းပေါက်ကနေ အပြင်ကို ပျင်းရိစွာငေးကြည့်နေတယ်... ကျောင်းတက်ခေါင်းလောင်းထိုးတော့ အတန်းပိုင်ဆရာမ အတန်းထဲ ဝင်လာစဉ် အနောက်မှာ ကောင်လေးတစ်ယောက်ပါလာတယ်...

MiRae ရဲ့အဝေးရောက်နေတဲ့ အာရုံတွေကို ဒီချစ်စရာကောင်းတဲ့ ကောင်လေးက ဆွဲဆောင်လိုက်တယ်... ဆရာမက ထိုကောင်လေးကို ကျောင်းသားအသစ်ဆိုပြီး မိတ်ဆက်ပေးတယ်... MiRae အာရုံတွေအခု သူ့ဆီမှာ... ကောင်လေးကလည်း လှိုက်လှဲစွာပြုံးရင်း သူ့နာမည် JungKook ပါလို့ တစ်တန်းလုံးကို နှုတ်ဆက်လိုက်တယ်... MiRae တစ်ယောက် JungKook ရဲ့ အပြုံးတွေမှာ လွင့်မျောလို့ရယ်...

Jungkook က ဆရာမ ညွှန်ပြတဲ့ Mirae ရဲ့ ညာဖက် လူသွားလမ်းခြားထားတဲ့ ခုံလွတ်မှာ ထိုင်ဖို့ လေ ျှာက်လာတယ်...  လျှောက်လာစဉ် Jungkook က Mirae ရဲ့ အနောက်တန်းမှာ ထိုင်နေတဲ့ ဂျစ်ကန်ကန် ခပ်ဆိုးဆိုး ကျောင်းက gang ခေါင်းဆောင် Suga ကို လှမ်းလို့ ပြုံးပြ နှုတ်ဆက်လိုက်တယ်... ဒီ badboy ပုံစံ အပြုံးက ခုဏက အတန်းရှေ့မှာ လှိုက်လှဲတဲ့ အပြုံးနဲ့ ဆီနဲ့ရေ မိုးနဲ့မြေလို အကွာကြီး... ဘာမှ မဆိုင်ဘူး...

Mirae မျက်မှောင်ကြုတ်သွားပြီး စဉ်းစားမိတယ်...
"ဒါဆို သူလည်း ဆိုးဆိုးပေပေ gangster တစ်ယောက်များလား?"

Jungkook ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်... Mirae က အတွေးနယ်လွန်နေပြီး Jungkook ကို ကြည့်နေမှန်းမသိ ဆက်ကြည့်မိနေတယ်... ဒါကို မြင်သွားတဲ့ Jungkook က စားပွဲပေါ်ကို လွယ်အိတ်တင်လိုက်ရင်း အသံမထွက်ပဲ ပါးစပ်က အမူအယာနဲ့ "ဘာကြည့်နေတာလဲ?" ဆို Mirae ကို မျက်လုံးပြူးပြလိုက်တယ်...

Mirae လည်း ကြောက်ကြောက်နဲ့ Whiteboard ဆီကို အကြည့်အမြန်လွှဲလိုက်ရတော့တယ်... သူမ စိတ်ထဲမှာတော့ "ဒီတစ်ယောက် တကယ် မလွယ်ဘူးပဲ..."

~~~~~~~~~~

Scene 2:

နေ့လည် ထမင်းစားချိန် canteen မှာ ပါလာတဲ့ ထမင်းဘူးလေးကို တစ်ယောက်တည်း ဖွင့်စားနေတဲ့ Mirae ဆူဆူညံညံ အသံတွေကြောင့် ခေါင်းမော့ကြည့်ဖြစ်တယ်... ညာဘက် မျက်စောင်းထိုးဘက်က Suga တို့ အုပ်စု စားပွဲမှာ Jungkook ဘာတွေပြောနေလဲတော့ မသိဘူး အားလုံးက ပွဲကျပြီး ဟားတိုက်ရယ်နေကြတယ်...

သက်ဆုံးထိ မင်းကိုသာ [Completed]Where stories live. Discover now