Part 3 - What's my heart trying to tell me?

3.1K 268 3
                                    

[Unicode]

Scene 7:

ကျောင်းဆင်းခေါင်းလောင်း မထိုးခင် ဘာမှ လုပ်စရာမရှိတာနဲ့ Mirae တစ်ယောက် သူမခုံပေါ် ခေါင်းတင်ပြီး မှောက်အိပ်နေတယ်... ဘေးမှာထိုင်နေတဲ့ Jungkook ကတော့ သူမအိပ်နေတာကို စားပွဲပေါ်လက်ထောက်ပြီး ငေးကြည့်နေမိတယ်...

ကျောင်းဆင်းခေါင်းလောင်းထိုးတော့ Mirae နိုးလာတယ်... Jungkook က သူမကို သူကြည့်နေတာ မြင်သွားမှာစိုးတာနဲ့ ချက်ချင်း သူ့ခုံပေါ်သူ ခေါင်းမှောက်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်...

သူမ ဒီဘက်လှည့်လိုက်တော့ သူမလိုပဲ အိပ်နေတဲ့ Jungkook ကိုတွေ့ရတယ်... သူမ သူ့ကို ခဏစိုက်ကြည့်နေရင်း သက်ပြင်းရှည်ရှည် တစ်ချက်ချ လိုက်မိတယ်... နောက် သူ့ဆီက အကြည့်လွှဲပြီး လွယ်အိတ်လွယ်ခါ သူမ အိမ်ပြန်ဖို့ အတန်းထဲက ထွက်သွား လိုက်တယ်...

သူမ ထွက်သွားသံကြားမှ Jungkook ပြန်ထလာတယ်... သူလည်း ပြန်ဖို့ ထိုင်ခုံကထတော့ ရုတ်တရက် Mirae စားပွဲအံဆွဲထဲမှာ စာအုပ်တစ်အုပ်ကျန်ခဲ့တာ တွေ့ရတယ်... ဒါနဲ့ စာအုပ်ကို ဒီတိုင်းထားခဲ့ရင် ပျောက်သွားမှာ စိုးတာနဲ့ သူမကို တွေ့ရင်ပြန်ပေးမယ် ဆိုပြီး သူယူလိုက်တယ်...

မနေနိုင် မထိုင်နိုင် Jungkook က စပ်စုစွာနဲ့ စာအုပ်ကိုလှန်လှောကြည့်တော့ ရိုးရိုးတန်းတန်း သင်္ချာမှတ်စု စာအုပ်တစ်အုပ်ပဲ ဆိုတာတွေ့ရတယ်... ဒါပေမယ့် စာအုပ်နောက်ဆုံးမှာ ဖြတ်ခနဲတွေ့လိုက်ရတာက သူ့နာမည်...

သူမဟာ သူ့နာမည်ကို လှလှလေးတွေရေးထားပြီး အသဲပုံလေးတွေနဲ့တောင် ခြယ်သထားသေးတယ်... Jungkook အံ့သြသွားမိတယ်... နောက်တော့ ကျေနပ်စွာ ပြုံးလိုက်ပြီး စာအုပ်ကို ပြန်ပိတ်ခါ လွယ်အိတ်ထဲ ထည့်လိုက်တယ်...

~~~~~~~~~~

Scene 8:

Jungkook စက်ဘီးစီးပြီး အိမ်အပြန်လမ်းမှာ Mirae ကို ကျောင်းသားတစ်စု ဝိုင်းနှောက်ယှက်နေတာ တွေ့တယ်... စက်ဘီးရပ်လိုက်ပြီး သေချာကြည့်ကြည့်တော့ သူနဲ့မတည်တဲ့ သူ့ကို ဝိုင်းထိုးကြတဲ့ အုပ်စုပဲ...

ဒီကောင်တွေ Mirae ဟိုနေ့က ဝင်နှောက်ယှက်သွားတာနဲ့ ပတ်သက်ပြီး မကျေနပ်လို့ အငြိုးနဲ့ပြန်လာကြတာ...

သက်ဆုံးထိ မင်းကိုသာ [Completed]Where stories live. Discover now