Part 4 - Now you got me!

2.8K 245 6
                                    

[Unicode]

Scene 9:

နောက်တစ်နေ့ Mirae တစ်ယောက် Jungkook ကို ကျေးဇူးတင်စကား ပြောချင်လို့တောင် ပြောလို့မရဘူး... သူ့ကို မြင်လိုက်ရင် အမြဲ သူ့ဘော်ဒါ Suga တို့ အုပ်စုနဲ့ပဲ ရှိနေတာကိုး...

ကျောင်းဆင်းခါနီး Mirae ပစ္စည်းသိမ်းတော့မှ သူမပျောက်နေတဲ့ သင်္ချာမှတ်စု စာအုပ်ကို စားပွဲအံဆွဲထဲကနေ ပြန်တွေ့တယ်... ကိုင်ကြည့်တော့ ထူထူလေး ဖြစ်နေတယ်... ဒါနဲ့ စာအုပ်ကို ဖွင့်ကြည့်လိုက်တာ စာအုပ် ကြားထဲကနေ ဟိုတစ်နေ့က Jungkook ယူသွားတဲ့ သူမရဲ့ လက်ကိုင်ပုဝါလေးကို အသစ်အတိုင်း တွေ့ရတယ်...

နောက် သူမ အံ့သြသွားရတာက သူမလက်ကိုင်ပုဝါပေါ်မှာ Jungkook တစ်ယောက် သူမရဲ့နာမည်ကို ဆော့ပင်နဲ့ ခပ်သော့သော့ ရေးထားပြီး နာမည် ဘေးမှာလည်း အသဲပုံလေး ဆွဲပေးထားတာတွေ့ရတယ်... သူမ အရမ်း ဝမ်းသာသွားပြီး ပြုံးနေမိတော့တာပေါ့...

~~~~~~~~~~

Scene 10:

အိမ်ပြန်ဖို့အတွက် သူမတစ်ယောက်တည်း ထုံးစံအတိုင်း ကျောင်းကနေ လမ်းလေ ျှာက် ထွက်လာတယ်...

သူမ ခမ်လှမ်းလှမ်းမှာ Suga တို့နဲ့ အဖွဲ့ကျနေတဲ့ Jungkook ကိုတွေ့တယ်... ရုတ်တရက် သူမ ပါးတွေနားတွေ ပူတက်လာပြီး ရှက်နေမိတယ်... ရင်တွေလည်း ခုန်နေပြီလေ... ဒါပေမယ့် သူများတွေလည်း ရှိနေတဲ့အတွက် မမြင်ချင်ယောင်ဆောင်ပြီး ဝေးဝေးကနေ ကျော်သွားလိုက်တယ်...

Jungkook က တကယ်တမ်းတော့ Mirae အလာကို စောင့်နေတာ... Mirae ဖြတ်သွားတာကို လှမ်းမြင်တော့ Jungkook က Suga တို့နဲ့ စကားပြောနေတာကို ဖြတ်ပြီး "ငါပြန်တော့မယ်ကွာ..." ဆို Mirae နောက်ကို စက်ဘီးနဲ့ အမှီ နင်းထွက်လာခဲ့တယ်...

သူမရှေ့ မှာ စက်ဘီးကို ပိတ်ရပ်လိုက်ပြီး စက်ဘီးပေါ်က ဆင်းလာတယ်... Mirae ရုတ်တရက်မို့ လန့်သွားတယ်...

Mirae ကို Jungkook ပြုံးစိစိနဲ့ ကြည့်လိုက်ပြီး "တစ်ယောက်တည်း မပြန်ပါနဲ့လို့ ပြောထားတယ် မဟုတ်လား?" လို့ စသလိုလိုနဲ့ ပြောလိုက်တယ်...

သူမ ကျေနပ်စွာနဲ့ ခေါင်းငုံ့ပြီး ရှက်ပြုံးပြုံးမိတယ်... Jungkook လည်း ရှက်နေတဲ့ ကောင်လေး တစ်ယောက်လို သူ့ဂုတ်ကိုသူ အကြောင်းမရှိ ပွတ်နေမိတယ်...

သက်ဆုံးထိ မင်းကိုသာ [Completed]Where stories live. Discover now