Part 14 - What are you thinking?

2.1K 192 5
                                    

[Unicode]

Scene 40:

ကျောင်းပိတ်ရက် ညနေခင်း တစ်ခုမှာ Mirae အိမ်ရှေ့ကို Suga ဆိုင်ကယ်နဲ့ ရောက်ချလာတယ်... Mirae ကို ဖုန်းလှမ်းဆက်ပြီး ထွက်ခဲ့ဖို့ပြောတယ်...

Mirae ကြောင်တောင်တောင်နဲ့ အပြင်ထွက်လာတယ်... "Suga ဘာဖြစ်လို့လဲ? ထူးထူးခြားခြား ဒီရောက်လာတာ..."

"Jungkook ပေါ့ဟာ... လာ... လိုက်ခဲ့..." ဆိုပြောရင်း သူမကို ဆိုင်ကယ် ဦးထုပ်လှမ်းပေးလိုက်တယ်...

"ဟင်... Jungkook ဘာဖြစ်ပြန်ပြီလဲ?" Suga ပေးတဲ့ ဆိုင်ကယ်ဦးထုပ်ကို ယူဆောင်းရင်း မေးတယ်...

"နင် ဟိုရောက်ရင် သိလိမ့်မယ်..."

"ငါ့ကို အခု ပြောလို့ မရဘူးလား?" Mirae က ဆိုင်ကယ်ပေါ် တက်ထိုင်ရင်း မေးတယ်...

"မရဘူး..." Suga က ပြောတယ်...

"ဒါဆို ငါတို့ အခု ဘယ်သွားမှာလဲ?" Mirae က မေးတာလည်း...

"ဟိုရောက်ရင် သိလိမ့်မယ်..." ပဲ ထပ်ပြောတယ်

"ဟင်... ငါ ဘာမေးမေး နင် အဲ့လိုပဲ ပြန်ဖြေ တော့မှာလား?" Mirae ပေါက်ကွဲပြီလေ...

"ဟုတ်တယ်... ဒီတော့ နင် အကောင်းဆုံးက စိတ်လေးလျော့ပြီး လိုက်ခဲ့... အိုကေ?" ဆို Suga က ဆိုင်ကယ် စက်နှိုးရင်း ပြောလိုက်တယ်...

"သေနာလေး" ဆို Mirae က ပြန်ပြောလိုက်တာကို Suga က စက်သံတွေကြား မကြားလိုက်တော့ "ဘာလဲ?" လို့ ပြန်မေးတယ်...

"ဘာမှ မဟုတ်ဘူး... မောင်း မောင်း..."

"အိုကေ... မောင်းပြီ..." ဆို ဝူး ခနဲ စထွက်ထဲက ကြမ်းချက်... Mirae ခမျာ လမ်းတစ်လျှောက်လုံး ဘုရား တနေရတယ်...

~~~~~~~~~~

Scene 41:

လူနေအိမ် apartment တိုက်ကြီးတစ်တိုက် အောက်မှာ ဆိုင်ကယ်ထိုးရပ်လိုက်တယ်... Mirae ဆိုင်ကယ်ပေါ်က ဆင်းလိုက်ပြီးမေးတယ်...

"ဒီနေရာလား?"... ဆိုတော့ Suga က "ဟုတ်တယ်... လာ သွားမယ်..." ဆိုခါ ဦးဆောင်ပြီး ခေါ်သွားတယ်...

ဓာတ်လှေခါးထဲ ဝင်သွားတော့ Mirae က လှမ်းမေးတယ်... "ဒါက ဘယ်နေရာလဲ?"...

"ငါ့အိမ်..." Suga ရုတ်တရက် ဖြေလိုက်တော့ Mirae လန့်ပြီး "ဘာ?!!..." လို့ အော်ခါ ဓာတ်လှေခါး နံရံကို ပြေးကပ်လိုက်မိတယ်...

သက်ဆုံးထိ မင်းကိုသာ [Completed]Where stories live. Discover now