Part 10 - I've been missing you...

2.2K 202 9
                                    

[Unicode]

Scene 29:

Mirae နောက်နေ့ မနက်နိုးတော့ မှန်ထဲမှာ သူမ မျက်နှာသူမ ကြည့်လိုက်တယ်... ညက ငိုထားလွန်းလို့ မျက်လုံးတွေမို့ပြီး နီရဲနေတယ်...

အခုတော့ သူမ မငိုတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်... အံကို ကြိတ်လိုက်ပြီး ဘုံဘိုင်ကနေ ရေဖွင့်ချခါ မျက်နှာသစ်လိုက်တယ်... သူမဒီနေ့ ကျောင်းသွားမယ်...

~~~~~~~~~~

Scene 30:

Mirae ကျောင်းရောက်တော့ အတန်းထဲမှာ ခဏခဏ Jungkook ဘက်ကို ငေးငေး ကြည့်နေမိတယ်... သူမမှ စိတ်မပြတ် နိုင်သေးတာ... ဘယ်လိုလုပ်မလဲ...

Jungkook က သူမသူ့ကို ကြည့်နေတာ သိပေမယ့် လုံး၀ ပစ်ထားလိုက်တယ်... ဂရုမစိုက်ဘူး... သူမ ကျောင်းပြန်ရောက်လာတဲ့ အတွက်ပဲ ဝမ်းသာမိတယ်...

သူမရှေ့မှာ ဟိုးအရင်ကလို အေးစက်စက် မျက်နှာကိုပဲ ဆင်မြန်းထားတယ်... သူ့ဘော်ဒါတွေ နဲ့ကျ ရယ်မောဟားတိုက် ပြုံးရွှင်လို့ပေါ့...

နေနိုင်လိုက်တာ လို့ တွေးမိရုံကလွဲလို့ သူမဘာတတ်နိုင်မှာလဲ... သူ့ရင်ထဲမှာလည်း နာကျင်ခံစားနေရတာ သူမ သိနိုင်တာမှ မဟုတ်ပဲ...

~~~~~~~~~~

Scene 31:

ညနေဖက် Mirae အလုပ်လုပ်နေတဲ့ convenient store နားကို Jungkook ရောက်သွားတယ်... မီးခိုးရောင် အနွေးထည် ပွပွကြီး ဝတ်ထားပြီး hoodie လည်း စောင်းထားတယ်... သူမ သူ့ကို မမြင်အောင် ပုန်နကွယ်လေးကနေ သူမကို လှမ်းကြည့်နေမိတယ်...

ကျောင်းမှာ သူမကို နည်းနည်းလေးမှ မကြည့်မိအောင် ထိန်းရင်း ဂရုမစိုက်သလို ပစ်ထားရတော့ သူစိတ်မကောင်းဘူး... သူမ အခု အလုပ်မှာ ဘယ်လိုနေလဲလို့ လွမ်းလွမ်းရှိတာနဲ့ မနေနိုင်ပဲ လာကြည့်မိတာ...

သူထင်တဲ့ အတိုင်းပဲ သူမ မျက်နှာ ငြိုးဆဲ ငြိုးမြဲ... Jungkook ခဏလောက်နေတော့ အကြည့်တွေကို လွှဲပြီး သက်ပြင်းတစ်ချက်ချလိုက်ခါ ခေါင်းငိုက်စိုက်နဲ့ လှည့်ပြန်သွားတယ်...

ဒါတွေကို Jungkook ကို နောက်ယောင်ခံလိုက်နေတဲ့ ဟို gang ထဲက တစ်ကောင်က မြင်သွားပြီး သူ့တို့ gang leader ကို လှမ်း ဖုန်းဆက် အကြောင်းကြားလိုက်တယ်...

သက်ဆုံးထိ မင်းကိုသာ [Completed]Where stories live. Discover now