Part 6 - Why do bad things keep following me?

2.4K 209 4
                                    

[Unicode]

Scene 15:

နောက်နေ့မနက် ကျောင်းက rooftop ကို လာခဲ့ဖို့ Suga က Jungkook ကို လှမ်း message ပို့ထားတဲ့အတွက် သူတို့ အဖွဲ့ hangout လုပ်နေကျ rooftop ကို Jungkook ကျောင်းရောက်ရောက်ချင်း လာခဲ့လိုက်တယ်... သူရောက်တော့ မှုန်ကုတ်ကုတ်နဲ့ စားပွဲတစ်လုံးပေါ် တက်ထိုင်ပြီး စောင့်နေတဲ့ Suga ကိုတွေ့ရတယ်...

"Yo! Suga... what's up... ပြောစရာရှိတယ်ဆို..." Jungkook က suga ကို ရယ်ကျဲကျဲနဲ့ နှုတ်ဆက်ရင်း လှမ်းမေးတယ်...

"What's up man!" suga က ပြန်နှုတ်တယ်... ဒါပေမယ့် သူ့အမူအရာကတော့ အရင်လို ပြောင်စပ်စပ်မဟုတ်ဘူး...

အိတ်ထဲက ဓာတ်ပုံနှစ်ပုံ ထုတ်လိုက်ပြီး "ရော့ ကြည့်ကြည့်..." လို့ suga က Jungkook ဆီလှမ်းပေးလိုက်တယ်... Jungkook က suga ကို နားမလည်တဲ့ ပုံနဲ့ တစ်ချက်ကြည့်လိုက်ပြီး ဓာတ်ပုံတွေ လှမ်းယူလိုက်တယ်...

တစ်ပုံက Jungkook နဲ့ Mirae အိမ်အတူတူ ပြန်နေတာကို အနောက်ကနေ လှမ်းရိုက်ထားတာ... နောက်တစ်ပုံက Mirae တစ်ယောက်တည်းကိုပဲ မျက်နှာကို zoom ဆွဲပြီး ရိုက်ထားတာ... Jungkook ကြည့်ရင်း စိုးရိမ်စိတ်တွေဝင်လာတယ်...

သူတို့ နှစ်ယောက်ကို ဘယ်သူက နောက်ယောင်ခံလိုက်နေတာလဲ ဆိုတာ သူ သိသလိုလို ရှိပေမယ့် သေချာအောင် Suga ကိုမေးလိုက်တယ်...

Suga လည်း မနေ့က ဘိလိယက်ဝိုင်းက အကြောင်းတွေ ပြောပြလိုက်တော့ Jungkook ထင်တဲ့အတိုင်း ဟို gang က ကောင်တွေပဲ... သူ့ကို မကျေနပ်လို့ ပြန်ဂလဲ့စားချေဖို့ လုပ်နေတာပဲ ဖြစ်ရမယ်လို့ သူတွေးမိတယ်...

Mirae ကို target ထားနေပြီဆိုတာ သိလိုက်ရတော့ Jungkook တစ်ယောက် ဘေးမှာ ရှိတဲ့ ထိုင်ခုံကို "ဒုန်း" ခနဲ ဒေါသနဲ့ ရုတ်တရက် ကန်လိုက်မိတယ်...

စိတ်ပေါက်ပေါက်နဲ့ နောက်ထပ် ထပ်ကန်ဖို့လုပ်တော့ Suga က Jungkook ကို လက်မောင်းကနေ ဆွဲထားလိုက်ပြီး "Yahhh... ဟျောင့် စိတ်ထိန်းလေကွာ..." လို့ ပြောယူရတယ်...

Jungkook ငြိမ်ကျသွားတော့မှ Suga ဆွဲထားတာ လွှတ်ပေးလိုက်တယ်... Jungkook စားပွဲကို လက်သီးနဲ့ တစ်ချက်ထုလိုက်တယ်... စားပွဲပေါ် လက်နှစ်ဖက် ထောက်ချရင်း ခေါင်းငုံရပ်နေတယ်...

သက်ဆုံးထိ မင်းကိုသာ [Completed]Where stories live. Discover now