Part 13 - You're Back!

2.3K 197 3
                                    

[Unicode]

Scene 37:

Mirae ကုတင်ပေါ် ရောက်နေတယ်... ခေါင်းမှာလည်း ပတ်တီးစည်းထားတယ်... သူမ မျက်လုံး ဖြည်းဖြည်းချင်း ပွင့်လာတယ်... ဘေးကို ဝေ့ကြည့်လိုက်တော့မှ သူမဆေးရုံမှာမှန်းသိရတယ်...

ထထိုင်ဖို့အလုပ် သူမလက်ကို တစ်ယောက်ယောက်က ဆွဲထားတာခံစား မိတာနဲ့ ခေါင်းထောင်ပြီး ကြည့်လိုက်တော့ သူမလက်ကို Jungkook ကိုင်ထားတာ...

Jungkook တစ်ယောက် သူမ ကုတင်ဘေးမှာ ထိုင်ခုံလေးနဲ့ထိုင်ရင်း ကုတင်ပေါ်ခေါင်းတင်ပြီး အိပ်ပျော်နေတာလေ... သူမ သတိပြန်ရသည်အထိ သူမဘေးမှာပဲ နေ့နေ့ညည ထိုင်စောင့်နေခဲ့တာပေါ့...

သူမလက်ကို ကိုင်ထားရင်း အိပ်ပျော်နေတဲ့ Jungkook ရဲ့ မျက်နှာလေးကို ငေးကြည့်ရင်း သူမ ပြုံးလိုက်မိတယ်...

ခဏနေတော့ Jungkook နိုးလာတယ်... သူ့ကို ကြည့်နေတဲ့ Mirae ကိုတွေ့ရတယ်...

"Mirae gwinchana? (အဆင်ပြေရဲ့လား?)... ဘယ်နားနာနေသေးလဲ?" Jungkook က နိုးနိုးချင်းပဲ ပြာပြာသလဲ မေးတယ်...

"Nae... gwinchanayo (အဆင်ပြေပါတယ်)... Jungkook ရော? ဒဏ်ရာတွေ ဘယ်လိုလဲ?" Mirae လည်း သူ့ကို ခြေဆုံးခေါင်းဆုံး လိုက်ကြည့်ရင်း မေးလိုက်တယ်...

"Mirae သတိမေ့နေတဲ့ ၃ရက်အတွင်းကိုယ့် ဒဏ်ရာတွေ သက်သာသွားတာ ကြာပေါ့..." Jungkook ပြန်ဖြေတယ်...

"Omo... Jinja? (တကယ်ကြီး?) သုံးရက်တောင် သတိမေ့နေတာ??" Mirae အံ့အားသင့် သွားပြီး ထထိုင် လိုက်တယ်...

"ဟုတ်တယ်... Jinjayo (တကယ်)... ကိုယ့်မှာ ဘယ်လောက် စိတ်ပူလိုက်ရလဲ သိရဲ့လား?" Jungkook ကပြောတော့မှ သူမ သတိထားမိတယ်... သူ့မျက်ကွင်းတွေ ညိုနေတယ်... သူမကြောင့် အိပ်ရေးတွေ ပျက်ရတာ နေမယ်...

"Mianhaeyo (တောင်းပန်ပါတယ်) Jungkook ahhh... Mirae ကြောင့်နဲ့..." သူမဆက်ပြောနေတုန်း Jungkook က သူမကို လှမ်းဖက်လိုက်ခါ...

"Wae mianhae? (ဘာလို့တောင်းပန်နေတာလဲ?) အားလုံးက ကိုယ့်ကြောင့် ဖြစ်ရတာပါ... Nan mianhae... (ကိုယ်တောင်းပန်ပါတယ်ကွာ)" လို့ ပြောလိုက်တယ်...

Mirae က Jungkook ကို တင်းတင်း ပြန်ဖက်ထားလိုက်ပြီး... "Gwinchanayo (ကိစ္စမရှိပါဘူးဟာ)" လို့ ပြန်ပြောလိုက်တယ်...

သက်ဆုံးထိ မင်းကိုသာ [Completed]Onde histórias criam vida. Descubra agora