Part 9 - I blame myself!

2.2K 210 2
                                    

[Unicode]

Scene 27:

Jungkook ညနေဖက် Suga တို့နဲ့ အတူတူ သူနဲ့ မတည့်တဲ့ တခြားကျောင်းက gangster တွေအဖွဲ့ ရှိတဲ့ ဘိလိယက်ဝိုင်းသွားတယ်... လူတွေကြားမှာ သူ့ ကိုချတဲ့အထိတော့ ဟိုကောင်တွေ မရူးသေးဘူး ဆိုတာ သူ သိတယ်လေ...

ဟိုရောက်တော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပေစောင်းပေစောင်းကြည့်နေကြတယ်... gang leader ကောင်က Jungkook ကို လက်ပိုက်ပြီး အထှာကြီးနဲ့ စပ်ဖြဲဖြဲ ကြည့်နေတယ်...

Jungkook ကလည်း ဝင်လာကတည်းက မိုက်ကန်းကန်းအပြုံး နဲ့ဝင်လာတာ သူတို့ရှေ့မှာလည်း လုံး၀ အပြုံးမပျက်ဘူး... "ချရဲရင် လာချလေ..." ဆိုတဲ့ မျက်နှာဘေးနဲ့တောင် ပြန်ကြည့်ပေးလိုက်သေးတယ်...

သူတို့ရှေ့ မှာ တမင်တကာ Jungkook က ဘိလိယက်ဝိုင်းမှာရှိတဲ့ Noona တွေ (မမတွေ) နဲ့ ကြူပြနေတယ်... ဟို gang ကကောင်တွေ ဒါကို မြင်တော့ သူတို့စိတ်ထဲမှာ နည်းနည်း ဇဝေဇဝါ ဖြစ်သွားတာပေါ့...

Jungkook မှာ သူသိပ်ဂရုစိုက်ရတဲ့ ကောင်မလေးရှိတယ်ဆိုပြီး သတင်းလည်း ကြားထားသေးတယ် အခုနောက်ကွယ်မှာ တခြား မိန်းကလေးတွေနဲ့လည်း ပွေတယ်ဆိုတော့ မဟုတ်သေးဘူးပေါ့...

Jungkook ဒီကိုလာပြီး noona တွေနဲ့ကြူလိုက် အရင်လို ဟေးလားဝါးလားနေလိုက် လုပ်နေရတဲ့ အကြောင်းက ဒီကောင်တွေ Mirae ကို target မထားတော့အောင်လေ...

သူ Mirae ကို ဂရုစိုက်တာ မဟုတ်ဘူးလို့ သူတို့ မြင်သွားရင် အနည်းဆုံး Mirae သူ့ကြောင့် ဘာမှ မထိခိုက်လောက်တော့ဘူးလို့ သူထင်တယ်...

ဒါပေမယ့် ပြဿနာက ငနဲလေး Suga နမော်နမဲ့ နဲ့ ဟို gang leader ကို တိုက်လိုက်မိတဲ့ အချိန်မှာ စတော့တာပဲ...

Suga က ဟိုကောင် ဘီယာခွက်ကိုင်ပြီး ဝင်လာတာကို မမြင်ပဲ စကားတပြောပြောနဲ့ ဘိလိယက်ထိုးနေရင်း နောက်ဆုတ်လိုက်တာ ဟိုကောင့်ကို တိုက်မိသွားပြီး ဟိုကောင့် ကိုယ်ပေါ် ဘီယာတွေ မှောက်ကျကုန်ရော...

ဒါနဲ့ အဲ့ကောင်က ဒေါသထွက်ပြီး "မင်းကန်းနေတာလား" ဆိုခါ Suga ကို လက်သွက်သွက်နဲ့ တစ်ချက်ပိတ်ထိုးပစ်လိုက်တယ်...

သက်ဆုံးထိ မင်းကိုသာ [Completed]Where stories live. Discover now