Part 2 - Why do you care?

3.8K 285 0
                                    

[Unicode]

Scene 4:

အားကစားအချိန် Jungkook နဲ့သူ့ဘော်ဒါတွေ ဘောလုံးကွင်းမှာ ဘောလုံးကန်နေကြတယ်... Mirae တစ်ယောက် အခြား အတန်းဖော်တွေနဲ့ အတူ ဘောလုံးကွင်း ပတ်လည်က ထိုင်ခုံတန်းတွေမှာ ထိုင်ရင်း သူတို့ကို ကြည့်နေတယ်...

သူမအကြည့်တွေက Jungkook သွားရာနောက်ကိုပဲ လိုက်နေမိတာပေါ့... သူမ ငေးမောနေတုန်း ဘယ်သူမှန်းမသိကန်လိုက်တဲ့ ဘောလုံးက ကံမကောင်ယ
းစွာပဲ သူမခေါင်းကို မှန်သွားတယ်... Mirae တော်တော်နာပြီး အီစိမ့်သွားပြီလေ...

သူမမျက်လုံး ပြန်ဖွင့်ကြည့်တော့ ဘောလုံးကွင်းထဲမှာ သူမကို လက်ညှိုးထိုးပြီး ဟားတိုက်ရယ်နေတဲ့ သူတွေကြားထဲ လိုက်ရယ်နေတဲ့ Jungkook ကိုပါ တွေ့ရတယ်... ထူးဆန်းစွာပဲ သူမ စိတ်ဆိုးရမယ့် အစား... Jungkook ကိုကြည့်ရင်း သူမ ပြုံးမိတယ်...

သူမ ရူးသွပ်စွာတွေးမိတာက "ငါ့ကြောင့် သူရယ်မောရတာဆိုရင် ငါ ဒီလောက်ကလေး နာကျင်ရလည်း တန်ပါတယ်" တဲ့...

~~~~~~~~~~

Scene 5:

ကျောင်းကနေ အိမ်ကို Mirae တစ်ယောက် လမ်းလေ ျှာက်ပြီး ပြန်လာတယ်... သူမ သွားနေကျ လမ်းမှာ တခြားကျောင်းက gangster တစ်အုပ် Jungkook ကိုဝိုင်းထိုးနေတာ တွေ့ရတယ်... ဘာလို့မှန်းမသိဘူး Jungkook က ငြိမ်ခံနေတယ်... ပြန်မချဘူး...

သူမလည်း ဆက်ကြည့်မနေနိုင်တာနဲ့ နေရာမှာတင်ရပ်ရင်း အသံကုန်ခြစ်ပြီး "လာကြပါဦးဗျို့... လာကြပါဦး... ဒီမှာ ရန်ပွဲဖြစ်နေတယ်..." ဆို ထအော်ပါလေရော... ဟိုအဖွဲ့လည်း Mirae ခုန်ဆွခုန်ဆွနဲ့ အသံကုန်အော်နေတာ မြင်တော့ ဘယ်သူမှ မရောက်လာခင် ချက်ချင်း ထွက်ပြေးသွားကြတယ်...

သူတို့ ထွက်သွားတာနဲ့ မြေကြီးပေါ်လဲ ကျန်ရစ်ခဲ့တဲ့ Jungkook နား သူမပြေးသွားလိုက်တယ်... Jungkook တစ်ယောက် ဖြေးဖြေးချင်း ထထိုင်လိုက်ပြီး ပါးစပ်ကစီးကျနေတဲ့ သွေးတွေကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်လိုက်တယ်...

Mirae သူမကျောပိုးအိတ်ထဲကနေ သုံးလေ့မရှိပေမယ့် ဆောင်ထားနေကျ ဖြစ်တဲ့ လက်ကိုင်ပုဝါလေး ထုတ်ယူလိုက်ပြီး Jungkook ဘေးမှာ ဒူးထောက်ထိုင်ချ လိုက်တယ်...

သက်ဆုံးထိ မင်းကိုသာ [Completed]Where stories live. Discover now