Part 15 (Final) - With You for Always

4.5K 326 36
                                    

[Unicode]

Scene 42:

ခေါင်းမိုးထပ်မှာကတော့ Jungkook တစ်ယောက် Suga က Mirae ကို ခေါ်ပြီး ရောက်လာမယ့် အချိန်ကို ရင်ခုန်စွာ စောင့်စားနေတယ်...

သူနဲ့ အတူရှိနေတဲ့ လူတွေကတော့ သူ့ဘော်ဒါတွေ ဖြစ်တဲ့ Jin, J-Hope, Rap Mon, Jimin နဲ့ V တို့ပဲပေါ့...

Suga တံခါးဖွင့်ပြီး ဝင်လာတော့ အားလုံးပဲ အသံတပြိုင်နက် "Saengil Chughahae Song Mirae!!!" ဆို ဝိုင်းအော်ကြတယ်... Mirae တစ်ယောက် လုံး၀ Surprise ဖြစ်သွားတယ်...

ဒီရက်ပိုင်း အတွင်း သူမနဲ့ Jungkook နဲ့ အဖြစ်အပျက်တွေကြားမှာ သူမ ငိုရလွမ်းရ ပျော်ရရွှင်ရ ဖြစ်နေတာနဲ့ သူမမွေးနေ့ကိုတောင် သူမ သတိမထားမိဘူး ဖြစ်သွားတယ်...

သူမ ပျော်လွန်းလို့ မျက်ရည်တွေတောင် ဝိုင်းလာတယ်... အားလုံးရဲ့ အလည်မှာ သူမချစ်ရတဲ့ Jungkook က ပန်းစည်းလေး ကိုင်ထားရင်း သူမကို ရှက်ပြုံးလေးနဲ့ ပြုံးကြည့်နေတယ်...

Jungkook အနောက်မှာက Jimin ကိတ်မုန့်ကိုင်ပြီး ရပ်နေတယ်... ဟိုးအနောက်မှာကတော့ Jin ရယ် Rap Mon ရယ် J-Hope ရယ်က Happy Birthday banner လေးတွေ ကိုင်ပြီး ရပ်နေကြတယ်...

V ကတော့ သူမရှေ့ရောက်လာပြီး သူမခေါင်းပေါ် birthday ဦးထုပ်ချွန်လေး လာဆောင်းပေးသွားတယ်... မျက်နှာကိုက ဖြီးနေတာပဲ...

သူမ Jungkook ရှေ့ထိ လျှောက်သွားပြီး သူမကို ကမ်းပေးတဲ့ ပန်းစည်းကို လှမ်းယူပြီး နမ်းရှိုက်လိုက်တယ်...

"Gomawoyo..." သူမ Jungkook မျက်နှာကို ပြုံးပြီး ကြည့်ရင်း ပြောလိုက်တယ်... နောက် အားလုံးဘက်လှည့်ခါ... "အားလုံးပဲ... jinja gomawo... တကယ် မထင်မှတ်ထားဘူး..." သူမ ပြောလိုက်တယ်...

သူတို့ အားလုံး မွေးနေ့ BBQ ပျော်ပျော်ရွှင်ရွှင်လုပ်စားကြရင်း ညမိုးချုပ်သွားပြီ... မွေးနေ့ သီချင်းဆိုခါ ကိတ်မုန့်ခွဲစားကြပြီးနောက် မွေးနေ့ပွဲ ပြီးဆုံးသွားတယ်...

တစ်ယောက်ပြီး တစ်ယောက် သူမကို မွေးနေ့ ဆုတောင်းပေးခါ နှုတ်ဆက်ပြီး ထွက်သွားကြပြီ... သူမကတော့ သူတို့ စားထားသောက်ထားတာတွေ ရှင်းနေရင်း ကျန်ခဲ့တယ်...

နောက်ဆုံး Suga က Jungkook ကို လှမ်းပြီး "မင်းတို့ ပစ္စည်းတွေ သိမ်းပြီးရင် ငါ့အခန်းထဲ ပြန်လာထားလိုက်ကြ... ငါတော့ ဟိုကောင်တွေနဲ့ out လိုက်ဦးမယ်..." ပြောခါ သူမတို့ နှစ်ယောက်လုံးကို နှုတ်ဆက်ပြီး ထွက်သွားတယ်...

သက်ဆုံးထိ မင်းကိုသာ [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ