Part 8 - Where are you now?

2.2K 221 3
                                    

[Unicode]

Scene 24:

Jungkook နဲ့ ကောင်မလေး တို့ Mirae ရဲ့ ဆိုင်ထဲကနေ ထွက်လာတယ်... ဆိုင်နဲ့ ခပ်လှမ်းလှမ်းက လမ်းထိပ်မှာ တိုင်ကို မှီပြီး ရပ်စောင့်နေတဲ့ Suga ဆီကို လေ ျှာက်လာကြတယ်...

Suga က လှမ်းပြီး "ဘယ်လိုလဲ?" လို့မေးတော့ Jungkook က ဘာမှ ပြန်မဖြေဘူး... Jungkook ရဲ့ ဆိုင်ထဲမှာတုန်းက ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ အခု ငိုင်ကျနေတဲ့ မျက်နှာက ဘာမှမဆိုင်ဘူး... သူ့ရဲ့ လုပ်ပြုံးတွေ အကုန်ပျောက်သွားပြီ...

"Mirae unnie သနားပါတယ်... oppa တို့ ကဘာတွေ လုပ်နေကြမှန်းလဲ မသိဘူး..." ဆိုခါ ကောင်မလေးက နားမလည်နိုင်စွာနဲ့ Suga ကိုလှမ်းပြောတယ်...

"နင်နဲ့ မဆိုင်ပါဘူး... အေးဆေးနေ..." လို့ လှမ်းဟောက်လိုက်တော့ ကောင်မလေးက Suga ကို မကျေမနပ်နဲ့ မျက်စောင်းထိုးလိုက်တယ်...

"နင် အိမ်ပြန်တော့... နောက်ကျနေပြီ..." Suga က ကောင်မလေးကို နှင်လွှတ်တယ်...

"oppa ကရော မပြန်သေးဘူးလား? ညဉ့်နက်ရင် မေမေဆူတာ ခံရဦးမယ်..." လို့ ကောင်မလေးက ပြန်သတိပေးတယ်...

"ကိစ္စမရှိဘူး... နင်သာ ပြန်စမ်းပါ..." Suga က စိတ်ရှုပ်ရှုပ်နဲ့ ပြန်ပြောတော့ ကောင်မလေးကလည်း "ပြီးရော... ဒါဆိုလဲ ပြန်တော့မယ်... Jungkook oppa... ညီမ ပြန်ပြီနော်..." ဆို ပြောပြီး တာ့တာပြသွားတယ်...

Jungkook ကတော့ ဘာမှ နှုတ်ဆက်ဖို့ အားမရှိတော့လို့ ခေါင်းပဲ တစ်ချက် ငြိမ့်ပြလိုက်တယ်...

အဲ့ကလေးမလေးက Suga ရဲ့ ညီမလေးလေ... Jungkook က Mirae သူ့ကို စိတ်ကုန်သွားအောင် လုပ်ဖို့အတွက် အကူအညီတောင်းထားလို့ သူနဲ့လာတွဲပြတာ...

ကောင်မလေးပြန်သွားပြီ... Suga ကတော့ မျက်နှာကြီး ငိုက်စိုက်နဲ့ အရုပ်ကြိုးပြတ်ဖြစ်နေတဲ့ Jungkook ကို တစ်ယောက်တည်း စိတ်မချတာနဲ့ အိမ်မပြန်သေးပဲ နေနေတာ...

Mirae ဝမ်းနည်းနေမယ်ဆိုတာ Jungkook သိတယ်... ဒီ့အတွက် သူ့ရင်ထဲမှာလည်း နာကျင်နေရတယ်...

Jungkook ဘေးနားက ဓာတ်တိုင်မှာ လက်ထောက်လိုက်ခါ ခေါင်းငိုက်စိုက်နဲ့ တိုင်ကို မျက်နှာအပ်ပြီး မှီလိုက်တယ်... ရင်နာလွန်းလို့ အံ့ကြိတ်ထားတဲ့ ကြားက မျက်ရည် နှစ်ပေါက် သုံးပေါက် သူ့ ပါးပေါ်ကတစ်ဆင့် မြေကြီးပေါ် စီးကျသွားတယ်...

သက်ဆုံးထိ မင်းကိုသာ [Completed]حيث تعيش القصص. اكتشف الآن