Part 12 - It's all because of me...

2.3K 195 3
                                    

[Unicode]

Scene 36:

ဂိုထောင်ပျက်ထဲမှာ ရိုက်နှက်မှုက ပွဲကြမ်းနေတုန်းပဲ... အခု gang leader ကပါ Jungkook ကို ဝင်ချနေပြီ... Jungkook ခမျာ မတ်တပ်တောင် မရပ်နိုင်တော့ဘူး... ကြမ်းပေါ်မှာပဲ လဲနေတော့တယ်... မေ့မျော မသွားမချင်း သူတို့ ဆက်ချနေမယ့် ပုံမှာရှိတယ်...

Mirae သူမကို ချည်ထားတဲ့ ကြိုးကနေ ရုန်းရင်း ရုန်းရင်းနဲ့ အခုလွတ်လာပြီ... သူမ လက်က ကြိုးကို အမြန်ဖြည်လိုက်ခါ Jungkook ဆီကို တရှိန်ထိုး ပြေးဝင်သွားလိုက်တယ်...

"မရိုက်ကြပါနဲ့တော့... တောင်းပန်ပါတယ်... တော်ပါတော့..." ဆို ပြောရင်း သူမခန္ဓာကိုယ်နဲ့ Jungkook ကိုဖက်ပြီး ကာကွယ်ထားတယ်...

သူမ သူ့ကို ဖက်ထားတော့ Jungkook က ဒဏ်ရာတွေကြားကနေ တစ်ချက် ပြုံးလိုက်ပြီး... အားမရှိတော့တဲ့ အသံပျော့ပျော့လေးနဲ့ "Mirae-ahh..." လို့ ဝမ်းသာစွာ သူမနာမည်ကို ခေါ်မိတယ်...

သူ့ကို ဘယ်သူမှ ဆက်မရိုက်စေရဘူး ဆိုတဲ့ စိတ်နဲ့ သူမသူ့ကို တင်းတင်းဆက်ဖက်ထားတယ်... ပါးစပ်ကနေလည်း "တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... တော်ကြပါတော့..." လို့ တဖွဖွနဲ့ ပြောနေမိတယ်...

Mirae က Jungkook ကို ကာထားတာကို gang leader က စိတ်မရှည်တော့တာနဲ့ "ဟေ့ကောင် သူ့ကို ခေါ်သွားစမ်း..." လို့ အနားရှိတဲ့ တစ်ယောက်ကို လှမ်း အမိန့်ပေးလိုက်တယ်...

ဒါနဲ့ အဲ့တစ်ယောက်က Mirae ကို လက်မောင်းနှစ်ဖက်က ဆွဲပြီး နောက်ပြန်ခေါ်သွားတယ်... Jungkook ကြမ်းပေါ်မှာ ပုံကျကျန်ခဲ့ပြီး "Mirae..." လို့ အားမရှိတော့တဲ့ အသံနဲ့ အော်ခေါ်မိတယ်...

ဒီအချိန်မှာပဲ Suga က Rap Mon တို့ကို ခေါ်လာပြီး သူတို့ ရှိရာကို ရောက်လာတယ်... ဒဏ်ရာတွေနဲ့ စုတ်ပြတ်နေတဲ့ Jungkook ကိုတွေ့တော့ Jimin တစ်ယောက် သူ့ဆီ ပြေးဝင်လာပြီး ဆွဲထူလိုက်တယ်...

"Yahhh Jungkook... သတိထားပါဦးကွာ... Jungkook..." လို့အလန့်တကြား အော်ပြောတော့ Jungkook က "ဟေ့ကောင် ငါ သတိရှိပါသေးတယ်ကွာ..." လို့ ကြိုးစားပြုံးပြရင်း ပြောတယ်...

Gang leader ကြီးအနားကို Mirae ကို ချုပ်ထားတဲ့ တစ်ယောက်က လွဲလို့ ကျန်တဲ့ နောက်လိုက်တွေ ၇ယောက် ၈ယောက်လောက် ရောက်လာတယ်...

သက်ဆုံးထိ မင်းကိုသာ [Completed]Where stories live. Discover now