[ Unicode ]
ကျနော်သည် ထိုအေးစက်စက်
အမိန့်သံ ကြောင့် တံခါးရွက်ဘက်
မျက်နှာပြန်မူ၍ ခေါင်းကိုငုံ့ထားလိုက်သည်။"တောင်း...တောင်းပန်ပါတယ် ကျ..ကျနော်က
လူ..သစ်မို့..မ. ..သိ "တစ်ဖက်သော တံခါး ဆီမှ
တုံံပြန်သံကို နားမစွင့်ရဲ ။
တုန်ရင်စွာနဲ့ ပြောမိလိုက်တယ်။
ပထမဆုံးအကြိမ်နဲ့တင် အမှားလုပ်မိလိုက်သလို
ခံစားချက်မျိုးဆိုတော့ တုန်လှုပ်နေတာဆို
ပိုမှန်မည်။"နောက်ခါ တံခါးကို နှစ် ချက်ခေါက်ပြီး
အရိုအသေ ပေးသွား ...ကြားလား ""ဟုတ်..ဟုတ်ကဲ့ပါ
ကျနော်မှတ်ထားပါ့မယ် "ခေါင်းထဲမှာ စွဲနေအောင် မှတ်သားလိုက်သည်။
နောက်တစ်ခါ မမှားစေရပါ ။"သွားတော့ "
ပြင်းရှ ရှ အမိန့်သံသည်ကျနော့တစ်ကိုယ်လုံး
ကြက်သီးမွှေးညှင်းတွေ ထသည်အထိ
လှုပ်ခတ်နိုင်ခဲ့သည်။ဒီမျက်နှာတောင် မမြင်ရတဲ့
အစ်ကိုကြီးကို ကျနော် ဒီလောက်တောင်
ကြောက်ရသလား ။အရိုအသေ ပေးပြီး အောက်ထပ်သို့ ခြေသံဖွဖွဖြင့်
ပြန်ဆင်းလာကာ တစ်စုံတစ်ယောက်နှင့်
ထိပ်တိုက်တွေ့ပြန်၏။
မော မကြည့်ရဲသော ကြောင့်
သခင် ဖြစ် လောက်သည့် ထိုသူရှေ့တွင်
ခေါင်းငုံ့လျက် လမ်းဖယ်ပေးလိုက်သည် ။
လှေကားထက်သို့တက်သွားသော
ခြေသံ သည် ကျနော့်နဲ့အလှမ်းဝေးပြီ
ဆိုမှ ကျနော့်ရဲ့ အောက်ထပ် ခရီး ဆက်ခဲ့၏။"နေဦ း ... ခဏ "
ကျနော်အထိတ် တလန့် ဖြစ်ပြီး
ခပ်သွက်သွက် လှည့်ကာ ခေါင်းငုံ့
လိုက်တယ် ..။"လူသစ်လား "
"ဟုတ်ပါတယ်.. "
ထိုလူ၏ ခြေလှမ်းသည် ကျနော့်
နားဖျား နှင့် နီးစပ် လာသည်။"အသက်ဘယ်လောက်လဲ ငါနဲ့ မတိမ်းမယိမ်းထင်တာပဲ "
"၂၁ နှစ်ပါ .. "
"အင်း သွားတော့ ဒါနဲ့ မင်းနာမည်ကို ပြောသွားဦး "
"ကျနော့်နာမည် Byun BaekHyun လို့ခေါ်
ပါတယ် ။ "
YOU ARE READING
|| CHAN || 《 Completed 》[ Unicode/ZawGyi ]