|| CHAN - 25 ||

5.7K 732 45
                                    

[ Unicode ]

စာတစ်ရွက်ပေါ် ဖြစ်သလို လက်ရေးနှင့်
စာလုံးရေ ၅၀ တောင်မပြည့်ပါဘဲ ယခုမှ
အမိန့်လာပေးနေသည့် ထို လူကြီးလူကောင်း
Wu Yi Fan ကို မျက်စိရှေ့တွင် ရှိလျှင် ဟက်ဟက် ပက်ပက်သာ ရယ်ပြလိုက်ချင် မိ... ။

သွေးသားတစ်ယောက်အား နှစ် ၂၀ ပစ်၍ မလောက်
၅ နှစ်ခန့်သာ စောင့်ရှောက်သော်လည်း လူသိသူသိ မခံနိုင်တဲ့  မိဘ မျိုး , အရွယ်ရောက်ပြီးသား ယောက်ျားလေးတစ်ယောက်ရဲ့ အချစ်ရေးကို ဒီအသက်အရွယ်ကျမှ လိုက်ပိတ်ပင် နေရသလား ?

ရှင်းရှင်းပြောရလျှင် ဤ Shanghai မြို့ကြီး၌
တရားဝင် လက်ထပ် မှတ်ပုံတင်၍ ကျနော်နှင့် Baek နေထိုင်သည် မဟုတ် ၊ ဒါကိုလည်း ရှေ့ကလူငယ် သိစရာမလို ၊ ကွဲကွာခြင်း ကိစ္စရပ်ကို စာတစ်ကြောင်းနဲ့ ယတိပြတ် လုပ်ဆောင် နိုင်ရအောင် ကျနော်က အရူးလား?

နှုတ်ဆက် စရာလည်း မလိုတာမို့ အရေးမပါသည့်
စာရွက်ကို စားပွဲပေါ် ခပ်ကြမ်းကြမ်း ပစ်ချ၍

" ဒီနေ့ မတွေ့ခဲ့ဘူးလို့ပဲ မှတ်လိုက်မယ် "

ခြေကို  လေး ငါးချက် လှမ်း သောအခါ
နောက်ကျော ဆီမှ ထွက်လာသော
အသံလေးကတော့ အောက်ကျို့စွာ...

" သခင်လေး ကျန်းမာရေးအတွက် , ကုသ နိုင်မယ့် သူဆီကို လက်လွှဲဖို့ စိတ်ကူးကြည့်ပါ "

."ငါ ကုနိုင်တယ် ! "

"ဒီအတိုင်း သူ့ကို အိမ်တော်ဆီ လွှတ်ပေး လို့မရဘူးလား "

ကျနော် ဒုတိယအကြိမ်သူ့လက်ကိုလွှတ်တော့မှာ
မဟုတ်တာကြောင့် ...။

ညလေ ၏ မညှာတမ်း တိုက်ခတ်မှုကြောင့်
အသည်းခိုက်အောင် အေးစေပါသော်လည်း
ရင်တွင်းတစ်နေရာမှ ကန္တာရ သဲမြေ အား မီးမြိုက်၍
လောင်သကဲ့သို့ နာကျင်၍ ပူလောင်နေသည်မှာ .... ။

စိတ်ဖိစီးမှု ဒဏ်သည် ဤအရာမျိုး ဖြစ်သည် ထင်ရ၏။
Wu Yi Fan ဆိုသူ ၏ ခဲသားလက်ရေးတစ်ကြောင်းကြောင့်နှင့် ခေါင်းကိုက်သည်က မဖြစ်သင့်... ။
လေ လွင့်ခွေးသံတို့နှင့် ညံသော ညည့်သည်
ရောင်နီကိုသာ မျှော်တွေးသည့် တစ်စုံတစ်ယောက်အတွက် အကျည်းတန် ည ပင် ။

|| CHAN || 《 Completed 》[ Unicode/ZawGyi ]Where stories live. Discover now