|| CHAN -2 ||

12.1K 1.2K 5
                                    

[ Unicode ]

သခင်မေးသော မေးခွန်း၏
အဖြေကား အဘယ်နည်း ။
" ဘာဆေး ထည့်ရမှန်းမသိ လို့ပါ "
ဟူသော အဖြေသည် ရယ်စရာဖြစ် နေပေသလား၊

"ဟို.. "

"ဒီမှာ ခဏ နေ "

သခင်သည် အမိန့်ပေး၍ အခန်းတွင်း
ပြန်ဝင်သွား၏။
ကျနော်သာ ဒူးထောက်လျက် မလှုပ်မယှက်
စောင့်နေလေ၏။

"ရော့ ဒါလိမ်း"

သခင်ပစ်ပေးသော ဆေးဗူးသည်
ကျနော့် ဒူးခြေရင်းသို့ တန်းမတ်စွာ။
ဆေးဗူးကလေးအား အသာယူ၍

"ကျေး..ကျေးဇူးတင်ပါတယ် သခင်
ကျနော် လာပြန်ပေးပါ့မယ် စေတနာကို အလေးထားပါ့မယ် "

"မလိုဘူး သွားတော့ "

ကျနော် အရိုအသေပေး၍ ပြန်ထလာခဲ့သည်။
ဒီသခင် သာ ကြင်နာ တတ်သော
နှလုံးသား ရှိဟန် တူသည်။

ကျနော့်၏ အခန်းကျဉ်းလေးထဲ
ဝင်လိုက်ပြီး ဆေးဗူးကိုဖွင့်ကာ
အကျီကို ဆွဲချွတ်လိုက်ပြီး
ထိခိုက်ထားတဲ့ လက်မောင်း
နေရာကို အသာပွတ်လိမ်းလိုက်တယ်။

မျက်ဝန်း တစ်စုံရှိနေခဲ့၏။
သူမသိခဲ့လေသလား ၊
ဤ စံအိမ်တွင်း ယောက်ျားလေး
အစေ ခံဟူသည် သူတစ်ယောက်တည်း။

ကားမောင်းသူ မှ လွဲ၍
သခင်နှစ်ယောက်အပါအဝင်
ယောကျ်ား ဆိုသည်မှာ 4 ယောက်သာ။

ဒါက အထူးအဆန်းမဟုတ်ပါပေ
ဟု မှတ်ယူထားပုံရသည် ။

စံအိမ်သည် ကြီးမားသလောက်
လုပ်စရာသည်လည်း အလွန်များသည်။
ပန်းထိုးလျှင် နှစ်အိုး သုံးအိုးနှင့်မပြီး
အိုး နှစ်ဆယ် သုံးဆယ် ထိုးရသည် ။

ကြမ်းတိုက်လျှင် နှစ်ထပ်နှင့်မပြီး
တစ်ခန်းချင်းဝင် တိုက်ရသည် ။
ကောဇောနီကို ခါရသည် ။

ရေလောင်းရသည့် ပန်းအိုးက
နှစ်အိုး သုံးအိုးမဟုတ် ၊
တစ်ခြံလုံး အိုးငါးဆယ် ခန့်ရှိသည် ။

သခင်ကြီး ပြန်လာမည့်အချိန်ဟု ဆိုကြသော
မနက်လင်း ၂ နာရီအတွက် ထမင်း ဟင်းကို ဘုရင်
ကဲ့သို့ ပြင်ကြသည် ၊ ကျနော်ကတော့
ကူဖော် လောင်ဖက်သာ ၊

|| CHAN || 《 Completed 》[ Unicode/ZawGyi ]Where stories live. Discover now