|| CHAN - 15 ||

8.5K 947 29
                                    

[ Unicode ]

ငေးမောမိတဲ့ ကောင်းကင်ဟာ
ခပ်တည်တည်နဲ့ အဖြေ မပေးဘဲ နေတယ် ။
ဒီနေ့ တိမ်တွေ အုပ်လို့ ကြယ်တွေပုန်းနေရှာ ၊
တစ်စုံတစ်ယောက်သော ရင်ခွင်မှာ ပုန်းကွယ်
လျှိုးနေရင် ဆိုတဲ့အသိက ဦးနှောက်ထဲ
တံဆိပ်နှိပ်ပြီးသား... ။

အရာရာ အားလုံး အလိုလိုက်တတ်သော
ဖေဖေက ကျနော့်အတွက်တော့ အလင်းရောင်
အလား ၊ ပန်းချီပညာကို နာမည်ကြီးဆရာနှင့်
အိမ်တွင်း စနစ်တကျ သင်ယူပြီး
ပုံဖော် မိသော ရုပ်ပုံ အားလုံးလိုလိုသည်
အနက်နှင့် အဖြူစက်ကလေးများသာ ။

မဟူရာ ကောင်းကင် ကျယ်နှင့်
တောက်ပသည့် ကျနော့် ကြယ် ။

"အခြားပုံလေးတွေ ဆွဲပါဦးလား
သခင်လေး ရယ်.. "

ဆရာဟူသည့်သူက
ဆရာလုပ်သည်ကို သဘောမတွေ့ဟန်ဖြင့်
ကြည့်လိုက်သည်။

"နာမည်ကျော် တစ်ယောက် ဖြစ်နေပြီး
ဘာလို့ အမြင်မရှိရတာလဲ "

ထိုသူက ကျနော့်ကို သူမှားဟန်နှင့်
ခေါင်းလေးငုံ့ထားသည်။

"ဆွဲမှာပေါ့... အဲ့ခါကျ ဘယ်သူ့ကိုမှ မပြဘဲ "

အပြီးသတ်လိုက်သည့်
ရုပ်ပြ ပန်းချီ တစ်ချပ်အား
နံရံတွင် အခြောက်ခံစေရန် ထောင်လိုက်သည် ။
ပန်းချီကား အား ခပ်ပြုံးပြုံး ကြည့်လိုက်မိ၏။

' ထူးထူးခြားခြား ကျနော်ဆွဲတဲ့
ကားချပ်ကလေးတွေမှာ လ ဝန်း မပါပေ ၊ တစ်ပွင့်သောကြယ်သည်သာ '

ဝင့်ထည်စွာတောက်ပပေါ့
ချစ်ရသူ ၊ တစ်ပွင့်သော မင်းကို
ခူးဆွတ်နိုင်တဲ့အခါ ရင်ခွင် ပချုတ်လေးထဲ
ထာဝရ ပန်ဆင် လင်းလက်စေမှာ ။

ကိုယ်ပိုင် အခန်းကျယ်ထဲ မည်သူ့ကိုမှ
ပေးမဝင်တတ်သော အကျင့်ကြောင့်
မာဖလာ လေး ပတ်၍သာ အောက်ထပ်ဆင်းလာခဲ့လိုက်သည် ။

အရာရာ တိုင်းနဲ့မတူတော့တဲ့
ပတ်ဝန်းကျင်ကို သဘောတကျ ဖြစ်ခဲ့ဖူးတယ် ။
တစ်ခါတစ်လေ ဖုန်နံ့သင်းသင်း အခန်းငယ်ကို တမ်းတဖူးတယ် ။

ကိုယ်တိုင် ထိုးခဲ့ဖူးတဲ့ ပန်းအိုးပေါင်း
များစွာက ကိုယ့်တစ်ယောက်တည်းအခန်းထဲမှာ
အပြုံးကိုယ်စီနဲ့ ဝင့်ထည်နေတယ် ၊ တစ်ချိန်က သူ့ဆီပြန်နိုင်ရမယ် လို့လည်း
တွေးရင်းပြုံးပျော်မိတယ် ။

|| CHAN || 《 Completed 》[ Unicode/ZawGyi ]Where stories live. Discover now