|| CHAN - Extra ||

12.5K 711 82
                                    

ကြယ်တွေ မြင်တိုင်း လွမ်းတယ် ...
ကြယ် တွေ ထက် မင်းကို ပိုချစ် ခဲ့တယ် ....

ပြီးဆုံး, မသွားသည့် ဒဏ္ဌာရီ ပုံပြင်ဟောင်း သည်
သက်ဝင်နေသည့် ပန်းချီကား တစ်ချပ်၏
နောက်ကျော ပြင်တွင် ခိုဝင်အောင်း နေသည် ။
ဝါညစ်ညစ် စာအုပ် တစ်အုပ်ကို ကိုင်ရင်း
ဆေးရုံ၏ ခေါင်းမိုးထပ်တွင် တစ်ကိုယ်တည်း ထိုင်နေမိသည်။

ပထမ စာရွက်မှာ ပြဲစုတ်နေ၍ သတိထားကိုင် မိ၏၊
စာရွက်သားများသည် တွန့်ကြေနေသည်။

ဝေးမှ ကြယ်တို့သည် ကျွန်မကို ငုံ့မကြည့်သော်လည်း
ကျွန်မ တစ်မေ့တစ်မော ငေးနေဆဲ ...။

" အပြင်မှာ အေးတယ်လေ သဒ္ဒါ အိမ် "

နွေးထွေးသည့် အသံနှင့် သတိပေးလာသည့်
တစ်ဦးတည်း သော သူက ဒေါက်တာပင် ၊
ကော်ဖီ ခွက် နှစ်ခွက် နှင့် ကျွန်မ ဘေးနား လာထိုင်တယ်။
မနက်တည်းက အပြေးအလွှား တာဝန်ကျ နေတဲ့
ဒေါက်တာ က အခုချိန်မှာ ဂျူတီကုတ်တောင် နည်းနည်း ဖရိုဖရဲ ဖြစ်လို့နေပြီ ...။

ဒါပေမယ့် လည်း ဒေါက်တာ က ကြည့် ကောင်းဆဲပင် ၊
ခပ်ညိုညို အသားအရေ နှင့် ဖို့ အတွင်းဝတ် အဖြူရောင်
အကျီင်္လေးနှင့်လည်း လိုက်ဖက်လှသည် ...။
အသားက ခပ်ညိုညို , မေးရိုး က ထင်းထင်း ,
အရပ် က ကောင်းကောင်း .... ။

" သဒ္ဒါ ကြယ်တွေ လာကြည့်တာပါ , ဒေါက်တာ "

"သဒ္ဒါ က ကြယ်တွေကို စိတ်ဝင်စားတာလား ?
ဆရာလည်း စိတ်ဝင်စားပါတယ်
ဒါပေမယ့် ဆရာ့အတွက်တော့ သဒ္ဒါ့ လို မက်မက်မောမော ကြည့်မိဖို့ အချိန်လည်း မပေးဖြစ်ဘူး "

လက်ထဲမှ အပျော့စား ကော်ဖီ တစ်ခွက်ကို
ကမ်းပေးရင်း ,

" ဒါဆို သဒ္ဒါ က ဒေါက်တာ ထက် ပိုကံကောင်းတာပေါ့နော်  "

" ဒါပေါ့ , သဒ္ဒါ့ လို စိတ်ကူးလည်း မယဉ်နိုင်ဘူး
မြတ်နိုးတဲ့ အလုပ်တွေလည်း မလုပ်နိုင်ဘူးလေ, ဆရာဝါသနာပါတဲ့ အက ပညာ ရောပဲ ...  "

တိုးတိမ်ဝင်သွားသည့် အသံနောက်၌
လက်ရှိဘဝကို မနှစ်မြို့ သည့် ခံစားချက်လေးက
ကပ်လိုက်လာသည် ထင်ပါ၏။

|| CHAN || 《 Completed 》[ Unicode/ZawGyi ]Where stories live. Discover now