|| CHAN -10 ||

9.8K 1K 22
                                    

[ Unicode ]

သူမလာသော
ကျနော့်၏ ညရက်များသည်
အလွန် တိတ်ဆိတ်လွန်းလှပါ၏ ၊
ကျနော့်နှလုံးသား လေးမှာ
မျှော်လင့်ရင်းသာ စောင့်မျှော် နေဆဲပင် ။

အကြောင်းမလှ သည့်
ကျနော့်မှာ သူနဲ့မတွေ့ရသော
၄ ည ၌ ၃ ည ကောင်းကင်တွင်
ကြယ်မရှိခဲ့ ။

ကျနော့်၏ အလွမ်းအား
မည်သူမျှ ပုံဖော် တတ်လိမ့်မည်မထင်။
သို့သော်လည်း ကျနော် စိတ်ဖြေတတ်ပါ၏၊
သူသည် သခင် ၊
ကျနော်သည် ကျွန် ။

ဒီလောက်တော့ ထိန်းနိုင်ရမည်ဟု
သာ တွေးရင်း ဆက်၍ စောင့်နေသည် ။
ကံကောင်းလှစွာနဲ့ ဒီည ကောင်းကင်၌
'Chan' အမည်ရှိသော ကျနော့်ရဲ့ ကိုယ်ပိုင်ကြယ်လေး လင်းလက်စွာ
တည်ရှိနေပါ သည် ။

"Baek... "

"Chan!!! "

"အိုး... လန့်သွားတာလား ၊"

"ဟာ..လန့်တာပေါ့ Chanကလည်း
မသံမပေး ဘာမပေးနဲ့ "

လန့်သွားသည်ထက်
ပျော်သွားသည်က ပိုမှန်သည် ။

"ကိုယ့်ကို စောင့်နေတာလား "

"မစောင့်ပါဘူး... ဘယ်သူက
စောင့်နေလို့တုန်း "

"ကိုယ်သိ နေပါတယ် .. ဒီထဲက ကြားနေရတယ်"

ကျနော့် နှလုံးသား နေရာအား
ခေါင်းလေး မှီ၍ ပြောသည်။
ကျနော့်ရင်ခွင်ထဲ မှေးစက်နေသော
သူ့ ၏ နားသယ်စပ်နားရှိ ဆံစတို့အား
ခပ်ဖွဖွ သပ် လိုက်သည် ။

"မှန်တာပေါ့... ကျနော် စောင့်နေခဲ့တာ "

နားသယ်စပ်မှ လက်တစ်စုံအား
သူ့လက်နှင့် ယှက်၍ ချိတ်လိုက်သည် ။

"ကိုယ် တို့.. မနက်ဖြန် ဒိတ်လုပ်ကြမလား Baek"

"ဘာ? ဒိတ် ? ဘယ်လို မျိုးကြီးလဲ "

"လျှောက်လည်မယ်လို့ပြောတာ "

"အော်.. လက်ချင်းချိတ်ပြီးတော့
သွားမှာနော် "

"ဒါပေါ့ မနက်ဖြန် ညနေလေ .. "

"အင်း.. အင်း.. "

"Chan ! "

ကျနော် သူ့နာမည်အား
ခပ်ဖွဖွ ခေါ်လိုက်၏။

"အင်း ပြောလေ Baek "

|| CHAN || 《 Completed 》[ Unicode/ZawGyi ]Where stories live. Discover now