အဘယ့်ကြောင့်၊
မျက်လုံးချင်း ၃ ,၄ ကြိမ်
ဆုံဖူးရုံကလွဲ ၊ သခင်နဲ့ အတိုင်းအတာ
ပိုခဲ့ဖူးသလား။- ဒါဟာ အတိတ်ညက
အိပ်မက် ဆိုရင် သိပ်ကောင်းမှာဘဲ ။
ဒါပေမယ့်....။အဝတ်အစားတွေ ခန္ဓာမှာ မကပ်
တာကို မြင်မိတော့ ဒါဟာ လက်တွေ့
ဖြစ်ရပ်တစ်ခုဆိုတာ
လက်ခံ လိုက်ရတယ် ။-အယောင်ယောင်အမှားအမှား
သူဟာ 'Chan ' ပဲလား။
သခင်ထက် ကျနော့် ခေါင်းထဲ
'Chan ' ဟုသာ စွဲနေသည် ။အား..!
"ကျွတ် ကျွတ် "
တစ်ကိုယ်လုံး ခရမ်းသွေးရောင်
အကွက်တွေ ၊ ဒါ တွေကရော ဘာတွေလဲ၊
နာလည်း နာတယ် ။အဆိုးဆုံးက အောက်ပိုင်း တစ်လျှောက် ။
ထဖို့ အတွက် အားယူလိုက်ပြီး
ကြိတ်မှိတ်ကာ အဝတ်အစားတွေ
ဝတ်လိုက်သည် ။အပြင်ထွက်ပြီး သန့်စင်ဖို့အတွက်
အနည်းဆုံးတော့ လူမမြင် စေရန်။
အခန်းပြင်သို့ အားတင်ကာ ထွက်လိုက်ပြီး
လူရှင်းနေတာတွေ့တော့ နောက်ဖေး ဘက်
သွက်သွက် ထွက်လာလိုက်သည် ။Basin မှာ ခြေလက်ဆေးရင်း သန့်စင်
လိုက်သည် ။
ဒီချိန် ရေထချိုးရင် အစေခံတွေ မျက်လုံးက
ရှိသေးတာကြောင့် မတတ်နိုင်ပြီ။ကိုယ့်ဘာသာ ဖြေရှင်းလိုက်ရသည်။
ပုံမှန်အတိုင်း
'Chan' အခန်းသို့ ထမင်းပို့ရပြန်သည်။
တံခါးကို နှစ်ချက် ခေါက်ပြီးသော်ငြား
ကျနော် ဒူးထောက်လျက် နေနေ လိုက်သည် ။မကြာပါ ၊ သခင် အခန်းထဲမှ ထွက်လာသည်။
ပွင့်ဟလာသည့် တံခါးနှင့်အတူ
လွင့်လာတဲ့ ဆေးကဒ် ။"ဒါသောက်ထားလိုက် "
ထမင်းဗန်းလေးအား ကောက်ယူကာ
အခန်းထဲသို့ ခြေလှမ်း ပြင်နေသော
သခင် .. တနည်း 'chan' ၏ ဘယ်ခြေအား
ကျနော် ဖက်တွယ်လိုက်သည်။သခင် 'chan' သည် ရပ်ဆိုင်းလျက် ။
"ဘာလို့... ကျနော့်ကို "
တွေးမိရင်း မျက်ရည်များကျလာသည်။
ကျနော် ဟာ ယောက်ျားလေး
တစ်ယောက်ရဲ့ အနိုင်ကျင့် မှုကို ခံခဲ့ရသူ
တစ်ဦး ဖြစ်နေခဲ့ပြီးပြီ။
YOU ARE READING
|| CHAN || 《 Completed 》[ Unicode/ZawGyi ]