|| CHAN -5 ||

11.2K 1.1K 18
                                    


[ Unicode ]

Baekhyun ကျောပေးကာ
လှည့်ထွက်သွား လိုက်တယ် ။

Chanyeol .. Baekhyun လက်ကို လှမ်းဆွဲလိုက်သည် ။
Baekhyun မရုန်းပါ။

" ကိုယ်... အဲ့ညက ဆေး.. နည်းနည်း သောက် မိသွားခဲ့တာ "

"ဒါက .. အကြောင်းပြချက် အကုန်ပဲလား "

Chanyeol တုံ့ဆိုင်းခြင်းမရှိ ဖြေ၏။

"အင်း.. "

Baekhyun ဆက်မပြောတော့ဘဲ
လက်ကို လွှတ်၍ ထွက်သွားတော့သည်။
Chanyeol မျက်ဝန်းတွေကို မှိတ်ချလိုက်ပြီး
လေပူတွေအားလုံးကို အကုန်ထုတ်ပစ်လိုက်တယ်။
ဒီကောင်လေး သူ့ကို နားလည်ပေးပါစေ။
ခွင့်လွှတ်ပေးပါစေ ၊ တကယ်တမ်း မညာဘဲ
ဝန်ခံရလျှင် ထိုကောင်လေး ခန္ဓာ အား
စွဲလန်းနေမိသည် ။ နောက်တစ်ကြိမ် များ ရှိလာဦးမလား၊ ဟင့်အင်း မဖြစ်နိုင်ဘူး ၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။

" chanyeol .. သခင်ကြီးဆီက ဖုန်းလာနေတယ်
အမြန် သွားကိုင် "

အပြေးလာပြောတဲ့ ဦးလေး Yixing ကြောင့်
အိမ်နောက်ဘက်ကနေ ပြေးဝင်ကာ
ကျနော့် အခန်းထဲက တဂွမ်ဂွမ် မြည်နေတဲ့ လက်ကိုင်ဖုန်း လေး ကို ကောက်ကိုင်လိုက်တယ် ။

ကျနော့်ဆီကို ဆက်သွယ်မယ့်မည့်သူက
သခင် Yong Min တစ်ယောက်သာ ရှိသည်မို့်။
ဖုန်းကို ချက်ချင်းမကိုင်လို့ သူ တစ်စုံတစ်ခုပြောမှာ ကြောက်နေသည် ။

"ဟဲ..ဟဲလို "

တိုးညှင်းတဲ့ အသံသာလေး ထွက်လာပြီး
တစ်ဖက်က ပြန်လာမယ့် အသံကို
တုန်ရင်စွာ နားစွင့် နေလိုက်တယ် ။

"Yeol... နေကောင်းရဲ့လား ၊ မနက်ဖြန် Yeol ရဲ့ မွေးနေ့လေ ။ ကိုယ် ခြံထဲမှာ ပါတီ လုပ်ဖို့ အစေခံတွေကို အကုန်ညွှန်ကြားလိုက်ပီ ၊ မင်း ကိုယ့်ကို သတိရနေရဲ့လား Yeol , ကိုယ်ကတော့ တစ်စက္ကန့် လေးမှ မမေ့ဘူး , မင်းကိုယ့်လို လွမ်းနေမယ် ဆိုတာ ကိုယ်ယုံတယ် ။ "

ကျနော် နှင့် သခင် Yong Min ၏
ဆက်ဆံရေးကား ဤသို့ ....။
မွေးစားသားဆိုတဲ့ ဂုဏ်ပုဒ်ရဲ့နောက်က
စက်ဆုပ်ဖွယ်ရာ အကြောင်းအရာတစ်ချို့ ။

"ဟုတ်ကဲ့ "

"ကိုယ် ဒီကနေ yeol မွေးနေ့အတွက် ခဏ
ပြန်လာဦးမှာ , ကိုယ့်ကို မင်းအပြုံးလေးတွေ
နဲ့ ကြိုနှင့်နော် Yeol... "

|| CHAN || 《 Completed 》[ Unicode/ZawGyi ]Where stories live. Discover now