|| CHAN -12 ||

9.1K 951 29
                                    

- CHAN -
_____________

[

Unicode]

"Zhang Yixing ! Yixing ! မြန်မြန်လာစမ်း"

Yinxing ခေါ်သံကြား၍
အလျင် ပြေးတက်လာသည် ။
Chanyeol အခန်းထဲမှ မြင်ကွင်းအား
သူမှင်သက်မိသော်လည်း ...

"ရောက်ပါပြီ သခင်ကြီး "

"ဒီကောင်ကို မြန်မြန်ဆွဲထုတ်သွားစမ်း
သွေးတွေ Chanyeol အခန်းထဲ တစ်စက်မှ
မကျစေနဲ့ "

"ဟုတ်...ဟုတ်ကဲ့ Baekhyun ထ .. ထ "

Baekhyun နာကျင်၍ မူးဝေနေပြီ
ဖြစ်သော ဦးခေါင်းကိုသာ
အားတင်းကိုင်ထားပြီး Xing ၏
ဆွဲထူမှုနောက် ပါသွားရသည်။

လှေကားအဆင်း ။
အပြင်က ပြန်လာပုံရသော
"Jin " .....

Jin မျက်နှာက အံ့သြဟန်
မရှိပါ။ အေးစက်စက် သာ
သူ့အခန်းထဲဝင်သွား၏။

နီးစပ်ရာ ဆေးခန်းမှာ ၇ချက်ချုပ်ပြီး
ကျနော့်ခေါင်းထက် ပတ်တီးဖွေးဖွေးလေးနှင့်
တန်ဆာ ဆင်ခဲ့ပြီ။

"အနာရှိန်နဲ့ ဆိုတော့ ဖျားနိုင်တယ်
ခေါင်းကလည်း နာနေလိမ့်မယ် ၊ အကိုက်အခဲ
ပျောက်ဆေး လည်းထည့်ပေးလိုက်တယ် ။
ရေအေးတွေ မကိုင်နဲ့ဦးနော် "

"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ဆရာ "

Xing က အရိုအသေပေး၍
ကျနော့်အား တွဲလေသည် ။ အိမ်ပြန်လမ်း၌
Xing Arjushi ၏ သက်ပြင်းချသံ
တို့က အကြိမ်ကြိမ်။

"Chanyeol... မင်းကိုယ့်ကို အပြစ်မတင်ပါနဲ့
ငါလုပ်မှ ဖြစ်တော့မယ် "

သခင်ကြီး၏ သတိပေးစကားနှင့်အတူ
နဖူးထက် ကျလာပြန်သော အနမ်းပွင့်။

' သခင် အခန်းသော့ခတ်ထားလည်း
ကျနော့်နှလုံးသား တံခါးက ပွင့်လျက်ပါ ..'
အခန်းတွင်းအချုပ်ကျသော
ကျနော့်မှာ ကြွေစရာ မျက်ရည်တို့မရှိပါ။
ဝန်ခံခဲ့လျှင် ချစ်ရသူ ပို၍ နာကျင်လိမ့်မည်။

ကျနော့်တို့၏ အချစ်အား အမျက်ထား၍
Baekhyun ကို သူ... သူအသေ သတ်လိမ့်မည်။
မသိချင်ယောင်ဆောင်သည်ကမှ
ကျနော်တို့ နီးနေနိုင်သေးသည် ၊

ထမင်းမပို့ရတော့ပါ ။
Chan လည်း အပြင်ထွက်မလာတော့ပါ။
Chan အခန်းရှေ့ ရွှေရောင်
သော့ခလောက်က တစ်လက်လက်
ကြယ်ကလေး အကျဉ်းကျနေတာ
ကျနော့်ကြောင့် များလားလေ ။

|| CHAN || 《 Completed 》[ Unicode/ZawGyi ]Where stories live. Discover now