|| CHAN -16 ||

8.1K 918 57
                                    

[ Unicode]

ပြာလဲ့လဲ့ ကောင်းကင်မှာ လင်းတဲ့
ကြယ်ပွင့်ကို မြင်ဖူးလား လို့မေးတော့
ကလေးက ရယ်တယ် ၊
တိမ်တွေကြား ကြယ်ထွက်ပါ့မလားလို့
အမေးပြန်ထုတ်တယ် ။

ရှင်းပြဖို့ ကြိုးစားတယ် ၊ ကလေးငယ် ....
ကြယ် ဆိုတာ ကောင်းကင်မှာ အချိန်ပြည့်ပေါ်ထွန်းနေတာ ၊ အလင်းရောင် တွေ
တောက်ပလွန်းတဲ့ ကောင်းကင်ကြီးကြောင့်
သူ့အလင်းကို လူမမြင် တော့တဲ့အထိ ဖုံးသွားရှာတယ် ။

တကယ်ပဲ....
ကျနော့် အတွက်နဲ့ သူ့အလင်းရောင်တွေ
မှိုင်းသွားမှာ မလိုလားဘူး ။
သူ မတောက်ပ မှာကို ကျနော် မလိုလားဘူး ။

အတင်းအိမ်ကို ဆွဲခေါ်လာတဲ့
Kyung Soo ကြောင့် ကုတင်ပေါ် ကွေးကွေးလေး ဖြစ်နေတယ် ။ အေးစက်နေတဲ့ ကျနော့်လက်ကို သူက ဆုပ်ကိုင်ရင်း ' အသိစိတ်ပြန်ဝင်ပါတော့ 'ကွာ ဆိုပြီး ထပ်တလဲလဲ ပြောနေရှာတယ် ။
အိပ်မက် မှမဟုတ်တာ ။
ကျနော် အိပ်မက် မက်နေခဲ့တာမှ မဟုတ်ဘဲ ။

"Kyung soo ah... အခု... ပြန်သွားရအောင်
ငါ..ငါ သူနဲ့တွေ့မှ ဖြစ်မယ် "

အတင်းရုန်းရင်း ပြေးထွက်ဖို့ ပြင်တော့
Kyung soo ကျနော့်ကို ဖက်ထားပြီး ထိန်းတယ်။
မကြိုက်ဘူး ၊ မင်းရင်ခွင်က ချမ်းလိုက်တာ ၊
ငါ့အတွက် မနွေးဘူး ။
ပြီးတော့....
မင်း ရဲ့ ကိုယ်သင်းနံ့ ကို ငါ မနှစ်သက်ဘူး Kyung soo ....

"Kyung soo မင်းငါ့ကို လွှတ် , ငါ့အတွက် အရေးကြီးတဲ့ လူမို့ပါ ကွာ.. "

လွှတ်ပေးပါ Kyung.. .

"Baek ...မင်း စိတ်ကို ခဏ ထိန်းစမ်းပါဦး !!! "

Kyung က ဒေါသတကြီးနဲ့ ကျနော့်ကို အော်တယ် ။
တကယ်ကို နားမလည် တတ်တဲ့သူ့ကို
ရှိသမျှ အားနဲ့ ဆွဲထိုးချင်တယ် ။
ဆွဲလည်း ထိုးမိတယ် ။

" မင်း ငါ့ကို အမိန့်မပေးနဲ့ Kyung ... "

သွေးစို့သွားတဲ့ နှုတ်ခမ်း ကို အာရုံမပြုအား
မြန်မြန် ပြေးဆင်း၍ ကုမ္ပဏီ ကို တန်းမောင်းလိုက်သည် ။
ကြားလိုက်သေးတယ် Kyung လှမ်းပြော တဲ့စကား....

"ကားကိုတော့ ဂရုစိုက်မောင်းနော် Baek " ဆိုလားပဲ ။

နေရာတကာမှာ အရူးတစ်ယောက်လို
လိုက်မေးရင်း လူတွေရဲ့ အကြည့်ကိုလည်း
သတိမပြု အား ။

|| CHAN || 《 Completed 》[ Unicode/ZawGyi ]Where stories live. Discover now