|| CHAN -6 ||

10.5K 1K 12
                                    

[ Unicode ]

အချိန်မှီသေးတယ် Baekhyun...
မင်းရုန်းနိုင်တယ် ၊
ဟင့်အင်း.. တစ်ကြိမ်တစ်ခါလောက်ပဲ
ုဖြစ်ဖြစ် ၊ နှင်းဆီရောင်သွေး ထို နှုတ်ခမ်းဖူးဖူးအား
ထိတွေ့ချင်စိတ်ကို မထိန်းချုပ်နိူင် ...။

တစ်စ တစ်စ တိုးကပ်လာတဲ့
'Chan' နှုတ်ခမ်းများက
ကျနော့် နှလုံး အား
ဗြောင်းဆန်အောင် ပြုမူနိုင်သည်။

သူ့ဆံစ မှ ရေစက်များ
ကျနော့်ရင်ဘတ်ပေါ် တစ်ပေါက်ပေါက်
ကျရင်း ပိုနီးကပ်လာပြီ ။
မျက်တောင် မခတ်ဘဲ စိုက်ကြည့်နေမိရာက
တံတွေးကို လည်မျို ၌ ခဲယဉ်းစွာ
မျိုချရင်း ....

' တစ်ခါပဲ Byun Baekhyun , တစ်ကြိမ်ပဲ Byun Baekhyun '

ထိကပ်မိချိန် အေးစက်သွားသော
နှုတ်ခမ်းပါးတို့ ၊ တုန်ရင် လာသော
ခြေလက်တို့ ၊ အောက် နှုတ်ခမ်းပါးအား
ထွေးပွေ့ကာ သိမ်းယူသော
ကာလ ...၊ တဆက်တည်း ခံစားရသော
နွေးထွေးမှု ။

ပျားသကာ ထက် ချိုမြိန်သော.၊
ဘယ်ရီသီးကဲ့သို့ နီထွေးသော ၊
နောက်ဆုံး ကျနော့်ရင်ထဲထိ
နစ်ဝင်သော အနမ်းတစ်စုံအား
ကျနော် လက်ခံရ ရှိခဲ့၏ ။

မျက်ဝန်းတွေ အသာမှိတ်ထားတဲ့
'Chan' ...မျက်တောင်ကလေးများ
ညင်သာစွာ ပွင့်ဟလာပြီး
ရီဝေသော အကြည့်တို့ဖြင့်
ပြုစားသည်က 'Chan' ပီသ ၏။

ဒေါက် !!!

" Yeol မပြီး သေးဘူးလား "

အခန်းပြင်မှ တံခါး ခေါက်သံနှင့်အတူ
ကြားလိုက်ရသော မေးခွန်း တစ်ခုကြောင့်
အသိစိတ် တို့ပြန်ကပ်လာကာ
သူ့လက်ကြားထဲ ရောက်နေသော
ကျနော် .... အသာလျှို ထွက်လိုက်ပြီး
လာရာ တံခါး ဆီသို့ ဦးတည် ကာ ပြေးသွားလိုက်၏။

လမ်းတစ်လျှောက် အလင်းရောင်ကိုပင်
အာရုံ မပြုအား ၊ မှောင်မိုက်သော လမ်းကိုသာ
ရှေ့ဆက် ပြေးနေမိ၏။

' ကျနော်သည် ရှေ့ကံကြမ္မာ အား မမြင်နိုင်သော
အမှောင် ထု လမ်းမ လယ် တွင် ခြေ ချမိခဲ့ ၏။ '

အခန်းထဲ ရောက်သည်နှင့် စားပွဲပေါ်ရှိ
ရေဘူး ကိုမော့ ချလိုက်သည် ၊
တစ်ကိုယ်လုံးရှိန်းတက်လာသည့်
ခံစားချက်က ပြော မပြတတ်အောင်ပင်။

|| CHAN || 《 Completed 》[ Unicode/ZawGyi ]Where stories live. Discover now