|| CHAN -11 ||

7K 727 51
                                    

- CHAN-
__________

[

Unicode ]

အကြိမ်အရေအတွက်
မည်မျှမှန်းမသိ ကျနော့် ချစ်ရသူ
"Chan" သည် တစ်ပါးသူထံ
အသုံးတော်ခံ နေရသည်ကို
မြင်ကွင်းရှေ့ သံမဏိ ဖြင့် ထုအပ်သော
နှလုံးသား တစ်စုံဖြင့် ကျနော် ကြည့်ရှု ရသေး၏။

အချို့လူတို့ ခံစားနိုင်ပါမလားလေ  . .။

မကြည့်ရက်တော့သောကြောင့်
ချစ်ရသူ ကိုယ်သင်းနံ့တို့
လွှမ်းခြုံအပ်သော ဤနေရာ၌သာ
အားတင်း၍ ရှေ့ဆက်ခဲ့သည် ။

မျိုးစုံဝင်လာသော အတွေးတို့ကို
မတွေးချင်ပါလျက် ခေါင်းကို တရမ်းရမ်း
ခါထုတ်မိပါ၏။...

" နောက်တစ်ခါ ဒီစကားထပ်ပြောကြည့်
မင်းတွေ့နေတဲ့အချစ်.. ဘယ်တော့မှ
မနိုးထလာအောင် ငါအမြစ်ပြတ်
နှုတ်ပစ်မယ်Chanyeol "

မရပ်တန့်သေးသော
မျက်ရည်တို့အား ခပ်ပြင်းပြင်းသုတ်ကာ
အခြေအနေကို အကဲခတ်လိုက်သည် ။
သခင်ကြီးသည် အောင်နိုင်သူ
အပြုံးတို့အားပန်ဆင်လျက်
အခန်းပြင်ထွက်သွား ၏ ။

မျက်ရည်တို့အား ထပ်သုတ်လိုက်ကာ
ဗီဒိုကျဉ်းထဲမှ ထွက်လာလိုက်သည် ။
မြင်ကွင်းကား မလှပေ ။
ချစ်ရသော ကြယ်ပွင့်သည်
မောပန်းစွာ အိပ်မောကျနေရှာ၏။

မရပ်တည်နိုင်သော ခြေတို့သည်
ကြမ်းပြင်သို့ ဒူးထောက်လျက်ပင်
ကျ၍ လက်တို့က ထောက်ထားမိသည် ။
ကုတင်ဘေးနားသို့ တွားသွား၍
အဝတ်တို့ကင်းနေသော ကျနော့်ချစ်ရသူအား
နေရာနှင့်ပနံ မတင့်လှသည့် ပိုးသားခြုံစောင်ကို
လွှားပေးလိုက်၏။

အညစ်အကြေးနှင့် သွေးများဖြင့်
နာကျင်နေမည့်သူ့အား ကျနော်
မကြည့်ရက်ပါပေ ။
ကိုယ့်ကိုယ်ကိုယ်သာ အားတင်း၍
သန့်ရှင်းပေးလိုက်သည် ။

အခြားတစ်ယောက်၏ အလိုအား ဖြည့်ခံရသော
ချစ်ရသူအား ကျနော်က သန့်ရှင်းပေးရသည့် ကျနော့်၏ ချစ်ခြင်း ။

ဘုရားသခင်သည် ကျနော့်အား လည်း
တစ်ပါးသူတို့ကဲ့သို့ အသွေးအသားနှင့်
နှလုံးသား တစ်စုံကိုသာ ဖန်ဆင်းပေးလိုက်ပါ၏။
ကျနော်လည်း နာကျင် တတ်ပါသည် ...။

|| CHAN || 《 Completed 》[ Unicode/ZawGyi ]Where stories live. Discover now