အပိုင်း ( ၁ )

104K 2.4K 148
                                    

(2023 မှာလည်း ဒီ fic ကို လာဖတ်တဲ့သူတွေရှိသေးရင် Unicode နဲ့ဘဲ ဖတ်ပေးပါ 🙏 2016က အရေးအသား စကားလုံးတွေနဲ့ Zawgyi စာလုံးပေါင်းမှားနေတာတွေ လိုက်မပြင်နိုင်တော့လို့ပါ  🙏)

♡︎♡︎♡︎♡︎♡︎

Ting Tong!

Ting Tong!

Ting Tong!

တထပ်တိုက်ပု အိမ်ငယ်လေး၏ ခြံတံခါးဘဲလ်လေး
မြည်ပြီး ဆယ့်ငါးမိနစ်ခန့်ကြာမှ အိမ်ထဲမှ အသက်ခြောက်ဆယ်ကျော်ခန့်ရှိနေပြီဖြစ်သည့်
အမျိုးသမီးကြီး ထွက်လာသည်.

စိတ်ရှည်လက်ရှည် ခြံရှေ့ စက်ဘီးတစီးနှင့်
ပါဆယ်ဘူးတခုကိုင်ကာရပ်စောင့်နေသည့် ကောင်လေးကလေးက မနက်ခင်း၏နေရောင်ခြည်ကဲ့သို့ နွေးထွေးသော အပြုံးတခုကို မြင်တွေ့နေကျရအတိုင်း မျက်နှာပေါ် ချစ်ခင်နစ်လိုဖွယ်ကောင်းလှစွာ မြင်တွေ့ရသည်.

" 좋은 아침입니다! 할머니 ^^ " (မင်္ဂလာနံနက်ခင်းပါ ဖွားဖွား)

"မင်္ဂလာနံနက်ခင်းပါကွယ်..Hunnie.(ဟွန်းနီ)
အကြာကြီးစောင့်လိုက်ရတယ်မလား..ညက ခါးကိုက်နေတာနဲ့ကွယ်..
အသက်ကြီးရောဂါစုံတော့ အရင်လို သွက်သွက်လက်လက် ထသွားလာဖို့ခက်သွားပြီကွဲ့..."

" အို..할머니! အခုရော သက်သာရဲ့လား..ဒီလိုမှန်းသိရင်
ကျနော် အိမ်ထဲထိလာပို့မှာကို "

" ခုတော့ သက်သာပါပြီကွယ်..ကဲ..ကဲ..ဒီအဘွားကြီး
စကားများနေတာနဲ့ hunnie.ကျောင်းနောက်ကျနေမယ်
ရော့.ဒါလေး.."

" အာ...ဒါက မလိုပါဘူး..Halmoni  (ဖွားဖွား)ကလည်း "

လက်ထဲ စုလိပ်ကိုင်ထားတဲ့ ငွေသားကတွေက   ဝမ်ငါးသောင်းအထက်ရှိနေသောကြောင့် ငြင်းမိတော့...

" ယူပါ..တခါတလေ လေးမုန့်ဖိုးပေးတာပါဆို.
hunnie.할머니 (ဖွားဖွား) စိတ်မကောင်းအောင် လုပ်နေတာလား !"

"အာ..မဟုတ်ပါဘူး..할머니..(ဖွားဖွား) ကလည်း
ကျနော်က "

"အာ့ဆို..ယူ..ကျောင်းနောက်ကျနေမယ် သွားချေတော့"

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now