အပိုင်း ( ၇ )

26.4K 1.5K 173
                                    


အင့်ခနဲ ပြိုကျလာတဲ့ ခနာကိုယ်သွယ်သွယ် ကြောင့်
ကျနော် အားစိုက်ကာ အတင်း ဆွဲဖက်ယူထားမိတဲ့ ခါးသေးကျဉ်းကျဉ်းကို လွတ်ဖို့သတိရတော့သည်...

ကျနော် တကယ် သတိလက်လွတ်ဖစ်သွားတာဘဲ...

ကျနော့်ကြောင့် နီထွေးကာ ရဲသွားတဲ့ နှူတ်ခမ်းသေးသေး
လေး ကို ကျနော် မယုံနိုင်စွာ ငုံ့ကြည့်မိတယ်....

ကျနော် တကယ် မသိခဲ့သလို...

မထင်ထားခဲ့....

ဒီနှုတ်ခမ်း ပိစိလေးက ဘာလို့ အဲလောက်တောင်
ချိုရတာလဲ ?

ကျနော် တခါပြန် မြည်းကြည့်ချင်တယ်...

"ကို..ကို...."

"ဟင် ..."

ကျနော့်ကို မျက်စိစုံမှိတ်ပြီး ခေါ်လိုက်တဲ့ မောဟိုက်သံ
စွတ်နေတဲ့ အသံခပ်တိုးတိုးလေးကြောင့်...

ကျနော့်မျက်နှာက တစ်လက်မ ခန့်သာ ကွာဝေးတော့
ဖြူနုလွန်းတဲ့အသားအရည်ပိုင်ရှင်၏ မှေးချွန်ချွန်လေးရှိရာ မျက်နှာနား ရပ်တန့်
သွားတယ်...

"ကျေး..ကျေးဇူးပြုပြီ...ကိုကို...
ကျ..ကျနော့်အမှား ကျနော်သိပါပြီ...
ကျနော့်ကို မနိပ်စက်ပါနဲ့တော့နော်
ကျနော် တောင်းပန်ပါတယ် "

"မဟုတ်.."

"အဲဆို ကောင်းသောညပါ ကိုကို  "

ကျနော့် ရင်ခွင်ထဲကနေ လှစ်ခနဲ တိုးထွက်သွားတဲ့
ကောင်လေးက ကုတင်ပေါ် ပြေးတက်ကာ စောင်ကြီးကို
ဆွဲခြုံလို့ ငြိမ်သက်သွားသည် !

ကျနော်ကတော့  မတ်တပ်ကြီး ငေါင် သွားရလေသည် !

မရည်ရွယ်ပါဘဲ ဖြစ်ပျက်သွားသည့် အခြေအနေတွေက...

အခန်းထဲက.. လေထုကို
အနည်းငယ် ကတိကအောက်ဆန်သွားစေလေသည်...

အင်း....

သေချာတာတော့ ကျနော် ခနက အဲလောက်ထိ
မရည်ရွယ်ပါဘူး ...

ခြောက်ရုံတင်ပါ...

နှုတ်ခမ်းပိစိက မထင်ထားရလောက်အောင်
ဆွဲငင်နေတော့....

ဒါ..ဒင်းလေး အပြစ် !

ဟုတ်တယ် ! !

ဒါနဲ့....

ခနက အနှီကောင်လေး စကားက ဘာလား !

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now