အပိုင်း ( ၂၃ )

20.4K 1.2K 140
                                    

ခပ်တိုးတိုးလွင့်ပျံ့နေသည့် ပင်လယ်ကမ်းခြေမှ ကမ်းဆီရိုက်ခတ်နေသော လှိုင်းသံလေးတွေကြောင့်

လေးလံနေသော မျက်ခွံကို အားယူကာ ခပ်ဖြေးဖြေး ဖွင့်လိုက်ချိန်...

ဝေဝါးစွာမြင်လိုက်ရသည့်..

ရေလှိုင်းတွေကြောင့်..

ပင်လယ်ပြာကြီးအောက်ရောက်နေသလို ခံစားလိုက်ရသည့် တခဏ...

ဟင် ?!

ကျနော် ရေအောက် ရောက်နေတာလား?

ရေအောက်ထဲ ကျနော် အသက်ရှူနေနိုင်သေးတာပေါ့?

အာ...

မုတ်သေးဖူး....!

ကျနော် မူးဝေနေသေးသော အာရုံတို့ကို
သေချာစုစည်းလိုက်သည့်အခါ...

ခေတ်မှီ ဆန်းသစ်ကာ သားနားစွာ ကျယ်ပြန့်သည့် အခန်းကြီးတစ်ခုထဲက ကုတင်ကြီးပေါ် ရောက်နေသည်ကို သိရသည်.

နေပါအုန်း ?

ကျနော်က ဘယ်လိုလုပ်ပြီးတော့??

ဒီနေရာက??

ဆက်လက်ထွက်ပေါ်နေသေးသော ရေလှိုင်းသံ ခပ်တိုးတိုးက အခန်းကြီး၏ မည်သည့်နေရာတွင်
တပ်ဆင်ထားမှန်းမသိသည့် speaker တွေကြောင့်
ဖြစ်နိုင်ပြီး

ဖန်မီးဆိုင်းအသေးလေးတွေ အပေါ်က ဖန်သားမျက်နှာကျက်သည် ပင်လယ်ရေလှိုင်းတွေအဖြစ် Led မီး slight ထိုးထားပုံရသည်ကို သိရပြီးမကြာ...

ထိုကဲ့သို့ ထူးခြားဆန်းပြားစွာဖြစ်အောင် တကူးတက ပြင်ဆင် မွန်းမံထားသည့် အခန်းကြီး၏ ပိုင်ရှင်ကို
ကျနော် စဉ်းစားမိချိန်....

ကျနော့်ရဲ့ မူးဝေနေသေးသော ခေါင်းထဲ ဝင်လာသည်က

ကျနော့် မျက်နှာပေါ် အနံ့တမျိုးနှင့် လက်ကိုင်ပုဝါတထည်ကို အုပ်ပေးလိုက်သည့်
တရားခံ !

ကျစ် !!!

ရူးနေလားမသိဘူး !

လူကို မေ့ဆေးပေးပြီး ခေါ်တင်သွားရတယ်လို့ !!!

တကယ် !

ကျနော် ဒေါသထွက်ထွက်နှင့် ခြုံထားပေးပုံရသည့် စောင်ပါးကြီးကိုဖယ်ပစ်လိုက်ကာ အိစက်နေသည့် မွေ့ရာကြီးပေါ်မှ ကုန်းရုန်းထရတော့သည်.

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now