အပိုင်း ( ၂၂ )

22.7K 1.3K 342
                                    

လူကသာ တာဝန်အရ ဆိုးလ်ပြန်ရောက်ခဲ့ပေမဲ့
စိတ်တွေက ပေကျင်းတွင် ကျန်ခဲ့သည်မို့...

Kim Jong in...
ဆိုးလ်ရောက်ရောက်ချင်း တိုက်ခန်းဆီ မပြန်ဘဲ
မိမိတို့အိမ်ဆီ တန်းပြန်လာခဲ့သည်...

သုံးလလုံး အိမ်ခွဲနေခဲ့သူမို့ Ommaရဲ့ ကြိုဆို
စကားနဲ့ ဟင်းအမယ်သစ်တွေကို ကျနော်
မမြည်းအား....

" Appaရော ? ဘယ်ချိန်မှ ပြန်လာမှာတဲ့လဲ ? "

" ထမင်းတောင် ကုန်အောင်မစားဘူး..
ဘာတွေ အဲလောက် လောနေရတာတဲ့လဲ ? "

" Appaပြန်ရောက်တာနဲ့ ကျနော့်ကို လာပြောခိုင်းနော်...
omma. .."

" အေးပါဟယ်...တကတည်း သုံးလနေမှ အိမ်ပြန်လာတာ မအေကို တာဝန်အရတောင် စကားမပြောချင်တော့ဘူးပေါ့လေ ! "

" ဟာ...ommaရာ...နောက်မှ ရှင်းပြမယ်...
လောလောဆယ် ကျနော် ပြင်ဆင်စရာလေး ရှိသေးလို့..."

" သဘော...သဘောပါရှင်..."

" Jong in? "

" မကြီး...မလတ် ..နေကောင်းကြတယ်လို့ ကြားတယ်...
ဒါဖြင့်..ကျနော် လုပ်စရာလေးရှိသေးလို့..."

အိမ်အောက် ဧည့်ခန်းထဲ
ပွဲတစ်ခုက ပြန်လာပုံရတဲ့ မကြီးနဲ့မလတ်ကို ကျနော်
ကတိုက်တရိုက် နှုတ်ဆက် လှမ်းပြောပြီး အိမ်ပေါ်
ပြေးတက်လာခဲ့သည်...

" အငယ်ကောင်...ဘာဖြစ်ပြန်ပြီလဲ ? "

" ငြိမ်နေတာထက်စာရင် ..အဲလိုဖြစ်လာတာကို ဝမ်းသာသင့်တယ်..."

" ဟုတ်တယ်တော်....နင်တို့ မောင် ပြောင်းလဲတာ
ကောင်းခြင်းတွေချည်းနေမယ် ..သူ့အဖေဆီက
ချီးကျူးသံတွေတောင် ကြားရတာ..."

အနားရောက်လာသည့် အမေဖြစ်သူဆီမှ စကားကို
ညီအစ်မ နှစ်ယောက်လုံး တအံ့တဩဖြစ်မိပြီး....

မကြာ...

ခေါင်းတငြိမ့်ငြိမ့်နှင့်....

နှစ်ယောက်လုံး ပြိုင်တူ ရေရွတ်မိသည်က...

" Jongin Hunnie ကို အိမ် အမြန်ပြန်ခေါ်လာနိုင်ရင် သိပ်ကောင်းမှာဘဲ...."

ပြိုင်တူ လွတ်ကျသွားသည့် စကားသံကြောင့် သားအမိတွေတယောက်မျက်နှာ တယောက်ကြည့်မိပြီး...

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now