အပိုင်း ( ၁၅ )

19.3K 1.2K 177
                                    


ထပ်ခါ ထပ်ခါ မိတ္တူဆွဲထားခြင်းခံရ၍ အနည်းငယ်မွဲကာ ဝါးသွားသယောင် ရှိသွားသော်လည်း ...

သမင်မျက်လုံးလေးများက အသက်ဝင်စွာ တွေ့မြင်နေရသည့် လိုင်စင်ပုံလေးကို Wu yi fan
အကျေနပ်ကြီး ကျေနပ်စွာ ပြုံးရင် ကြည့်နေသည်မှာ
နာရီဝက်ကျော်သွားပြီမှန်း မိမိကတော့ သတိမထားမိချေ.....

သတိထားမိသူ Min Hyungကတော့ တရားမဝင် မိမိရှာလာသော တစ်စုံတယောက်၏ နောက်ကြောင်း
အချက်အလက်များကို မိမိအလုပ်ရှင်က ပထမစာရွက်
မှာတင် တစ်နေတာ နာရီဝက်ခန့်ရှိနေတော့...

" ဟို..Hyung. . မေးစရာထပ်မရှိဘူးဆိုရင်
ကျနော်တခြားလုပ်စရာရှိတာလေးတွေ..."

" Oh! ဟုတ်သား..! ငါ့ ဝန်ထမ်းလေးက တာဝန်ကျေပြွန်လွန်းတယ်ကွာ..! Thankyou so muchကွာ..!
အေး အေး..လုပ်စရာရှိတာဆက်လုပ်ပါ..အော်...
Min Hyung. ..မင်းကိုငါ ဒီလအတွက် Bonus
သုံးဆ ပေးမယ်"

"အာ...Hyung..အဲလောက်ထိတော့ မဟုတ်ပေမဲ့... ကျေးဇူးတင်ပါတယ်ဗျာ...."

" ဒါမှမဟုတ်...ဒီညနေပိုင်း ငါတို့ ရုံးပိတ်လိုက်ကြမလား? "

"ဗျာ? "

" အရမ်း over ဖြစ်သွားပြီနော်..အဟွန်း...ဒါဖြင့်
မင်းလုပ်စရာရှိတာလုပ်ပြီးရင် အလုပ်ဆင်းလို့ရပြီ "

" ဟုတ်ကဲ့.."

မိမိ အလုပ်ရှင် ကျေးဇူးရှင် hyungက တရုတ်လူမျိုးဖြစ်သော်ငြားလည်း..

ကိုးရီးယားရိုးရာနေ့များတွင်လည်း ရုံးပိတ်ပေးတတ်ကာ
ကောက်စီးနဲသယောင် ရှိပေမဲ့ လဆုံး နှစ်ဆုံးချိန်Bonusများကို မပျက်မကွက် ပြည့်ဝစွာ ပေးတတ်သည့်အတွက် တကယ်ပင်
သဘောကောင်းသည့် အလုပ်ရှင် အဖြစ်သတ်မှတ်
ထားသလို မိမိကို ဘာဘဲခိုင်းခိုင်း မခိုမကပ် လုပ်ပေးချင်မိသည်ဖြစ်သည်..

တနေ့က သူခိုင်းသည့် Luhanဆိုသည့် ကောင်လေးတ
၏ ဖုန်းနံပါတ်ကနေအစပြုပြီး...

နောက်ကြောင်းတချို့က...
သာမန်အရပ်သားတယောက်သာဖြစ်သည့်အတွက်
ခက်ခက်ခဲခဲ စုံစမ်းလိုက်ရသည် မဟုတ်ပေမဲ့...

မိမိအား အထူးပင် ကျေးဇူးတင်သွားပုံရကာ
ခါတိုင်းထက် ဆယ်ဆမက ကောင်းပြနေတော့ နေပင်မနေတတ်ချင်ပါ..

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now