အပိုင်း ( ၂၅ )

25.1K 1.3K 249
                                    

ဇာတ်လမ်းတွေထဲမှာ မင်းသမီးတွေက ထမင်းဝိုင်းတွေထဲမှာ ရုတ်တရက် ပျို့အန်ပြီး
ကိုယ်ဝန်ရှိကြောင်း သိရကြပေမဲ့...

ကျနော်ကတော့ နွားနို့သောက်ရင်း အန်ချမိလို့
ကျနော့်ကို ဘယ်ကတည်းက သကာင်္မကင်းဖြစ်နေလဲ မသိတဲ့ _-_ omma က

ဆရာဝန်ကို အိမ်ထိ ပင့်ခေါ်ခဲ့သည် !

တကယ်လည်း ommaရဲ့ အထင်က မှန်နေခဲ့သည် !

ကျနော်ကတော့ တကယ် လုံးဝကို
ထင်မှတ်မထားခဲ့ပါ ! _ !

တလကျော်လာတဲ့အထိ တိတိကျကျပြောရလျှင်
မနေ့ညကအထိ ! ညတိုင်း အိမ်ရှေ့ လာဒူးထောက်နေတဲ့
သူကြီးနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စကို တလကျော်ကြာသွားတဲ့အခါ ကျနော် မေ့မေ့ပျောက်ပျောက် ဖြစ်သွား
ခဲ့တာကြောင့်လည်း ပါမည်ထင်....

Ppa တားနေတဲ့ကြားကနေ Ommaကတော့ ဝမ်းသာအားရနဲ့ Kimအိမ်တော်ကို
အကြောင်းကြားလိုက်မှန်း ကျနော်က ကြားသိနေရပေမဲ့...

ကျနော်ကတော့...

အခုအထိ အိမ်မက်လိုလိုဘာလိုလိုနဲ့ ဖြစ်နေသေးသည် !

Ommaလို ဝမ်းသာအားရ မဖြစ်မိသည်က
ကျနော် သူနဲ့ ပြန်မပတ်သက်ဖို့ ဆုံးဖြတ်ထားမူကြောင့်ရယ်....

ဒါပေမဲ့လည်း...

အဲလိုဖြစ်မိတာကို သတိထားမိလိုက်တဲ့အချိန်...

ကျနော့် ဗိုက်ထဲ က ဘာမှမသိရှာတဲ့ ကလေးလေးကို
အားနာမိသွားတယ် ...

ဟင်း...

သေချာတာကတော့...

ကျနော့် စိတ်တွေ တအား ရှုပ်ထွေးနေတာဘဲ !

" Hunnie. ..! ခမည်းခမက်တို့ဘက်က တွေ့ချင်တယ်တဲ့...မနက်ကတည်းကပြောနေကြလို့...
Ommaလည်း ခနခနငြင်းထားတာ အားနာလာလို့လေ..."

ကျနော် ဆေးသွင်းထားသည့် ပိုက်မှ တစ်ဆင့်
တစ်ဝက်တိတိကျန်နေသေးသော ဒုတိယမြောက်
ဆေးအိတ်ကို ငြီးငွေ့စွာကြည့်နေရင်း.....

" Ppaကရော...ဘာမှမပြောဘူးလား..."

" Hunnie အဖေကတော့ သိတဲ့အတိုင်း နေ့လည်အထိကတော့ ommaကို စိတ်ဆိုးနေသေးတာ..
ခုနလေးတင် ခမည်းခမက်တို့ဘက် တစ်အိမ်လုံး တောင်းပန်ခွင့်တောင်းလုပ်ကြတော့ မျက်နှာပူ အားနာလာတယ်ထင်ပါ့..တရုတ်ကြီးက.....Hunnie သဘောပါတဲ့.ဒါပေမဲ့..Hunnie သဘောမတူတာ ဘာတစ်ခုမှ မလုပ်ရဘူးတဲ့.."

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now