အပိုင်း ( ၁၆ )

18K 1.2K 373
                                    

' Hunnie_Barkey ' ဆိုင်၏ မုန့်ဖုတ်ခန်းလေးတွင်
မသိမသာ ပူနေသော ဆူတူတူဗိုက်ကလေးနှင့်
အဖြူရောင် oversize Tshirt တစ်ထည်ကို ဝတ်ဆင်
ထားသည့် ကောင်လေး တစ်ယောက်သည် ဂျုံမုန့်များ
မျက်နှာနုနုပေါ် တစွန်းတစ ကပ်နေသည်ကိုလည်း သတိမထားမိစွာ တစ်ယောက်တည်း မီးဖိုခန်းထဲ အလုပ်များနေလေသည်..

ဖန်ကြွေပန်းကန်လုံးကြီးပေါ်မှ ဖျော်ထားသည့် အဖြူရောင်အရည်ပျစ်ပျစ်တွေကို လက်ညိုးလေးနှင့်
နှိုက်မြည်းလိုက်သူလေးက အိမ်ခန်းဘက် လှမ်းကြည့်ကာ...

" Ppa ~!!! "

" ဟေ ! "

" ဒီမှာ လာမြည်းကြည့်ပေးပါအုန်း.."

Yixing သားတော်မောင်က ညကတည်းက ကြိုဖုန်း ဆက်ကာ မနက်စောကြီးရောက်လာသည်မို့ မနက်စာသစ်ပြီးသည်နှင့် ခေါ်တော်မူသော
မုန့်ဖုတ်ဆောင်ထဲ ဝင်လာရပြန်သည်...

" ရပါပြီ...ကွက်တိပါဘဲ..ခါတိုင်းလည်း လုပ်ဖူးနေကျကို..မေးနေသေးတယ်.. "

" ဟီး..ဒါက အထူးမို့လေ...Ppaကလည်း စိုးရိမ်တာပေါ့လို့..."

" ဟုတ်ပါပြီ..."

သားမက်ကို မွေးနေ့လက်ဆောင်ပေးချင်လို့ဆိုပြီး
ညနေ ကျင်းပကြမည့် မွေးနေ့ပွဲအတွက် မွေးနေ့ကိတ်ကို ကိုယ်တိုင် လာလုပ်နေသော သားကြောင့် မုန့်ဖုတ်ခန်းထဲ
မုန့်ခွက်တွေ နေရာအနှံ့ ပျံ့ကျဲနေသည်ကို Yixing
လိုက်ကြည့်ရင်း မလိုအပ်တော့သည်များကို သိမ်းကူနေရသည်..

" Hunnie. ....ဒါလေး. ..သောက်လိုက်ပါအုန်း..."

" အာ...Omma ခဏလေး ကျနော် ဒီဟာ အရင် ထည့်လိုက်အုန်းမယ်..."

" အမလေး..အမလေး..တော်တော် အလုပ်များနေတာဘဲနော်...မအေးခင် အမြန်သောက်လိုက်နော်..
Ommaဆိုင်ဖွင့်ဖို့ လုပ်လိုက်အုန်းမယ်..."

" အင်းးး "

သူမ နွားနို့ခွက်ကို ချပြီး မုန့်ဖုတ်ခန်းထဲ ပြန်ထွက်ဖို့ အလုပ်...

" ငါ့အတွက်ရော ? "

" omm ? ကို..နွားနို့မှ မကြိုက်တာ..."

" အင်းလေ...ကော်ဖီတို့ဘာတို့ ပြောတာပေါ့ကွာ..."

" ခုနနေ မနက်စာ စားတော့မှာဆိုတော့လေ .."

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now