အပိုင်း ( ၁၇ )

18.1K 1.3K 404
                                    

ညကတည်းက အကျိုးအကြောင်းတစ်စုံတစ်ရာပြောပြ
ထားခြင်းမရှိဘဲ  အိမ်ကပျောက်သွားပြီး မနက်ဝေလီဝေလင်းမှ အိမ်ပြန်ရောက်လာသည်
Kim Jong in ကို အိမ်သားများက ချက်ချင်း
အပေါ်တက်ခွင့်မပြုဘဲ မေးမြန်းစကားပြောနေကြသည်
ကို ခါတိုင်းနှင့် မတူစွာ သူငြိမ်သက်စွာ နားထောင်နေလေသည်...

" ညက ကိစ္စတော့ ထားလိုက်တော့ ..
ဒါပေမဲ့..ရှေ့လျောက်အတွက် ကြိုပြောထားမယ်...
အဲမိန်းကလေးနဲ့ လုံးဝကို ပြန်မပတ်သက်ချင်ဘူးနော်....."

သူမ စကားကို သူမ သမီးဖြစ်သူက ပါ ထောက်ခံ
သည်...

သူမ မောင်ကို နိုင်လွန်းကာ သူမတို့ မိသားစုကိုပါ
ချေချေစီးစီးဆက်ဆံခဲ့သည့် မိန်းကလေးကို
သဘောမကျတာ မဆန်းလောက်ပါ..

" ဟုတ်တယ်...Jong in ဖြစ်နိုင်ရင် ငါတော့.. မိတ်ဆွေတွေဘာတွေအဖြစ်နဲ့တောင် တွဲသွားတွဲလာ
မရှိစေချင်တာ...ညက Hunnie ဘယ်လောက် စိတ်မကောင်းဖြစ်သွားတယ်မှတ်လဲ...နင့်ကိုလေ..
ငါအခုထိ အရူးထသေးမယ်လို့ တကယ်မထင်ထားဘူး..."

" Tsk!  ကျနော်လည်း မသိတော့ဘူးဗျာ..."

ထမင်းစားစားပွဲကျယ်ပေါ် လက်ထောက်ကာ
စိတ်ရှုပ်တိုင်း ဆွဲဖွနေကျ ခေါင်းကိုဆွဲဖွနေသည့်
Jong in ကို...

မျက်နှာချင်းဆိုင်မှ သူမတို့ နှစ်ယောက် ပြောသာပြော
နေရတာ...

စိတ်တော့မကောင်းသလို ရှိနေကြသည်...

သူမတို့သား ထိုမိန်းကလေးကို မည်မျှ သဘောကျခဲ့သည်ကို သူမတို့သိတယ်လေ...

ဒါပေမဲ့...
သူမတို့က ဖူးဖူးမုတ်ထားသည့် သားကို အကြိမ်ကြိမ်အခါခါ  အရူးလုပ်သွားဖူးသည့် မိန်းကလေးတစ်ယောက်ကို သူမတို့ အယုံအကြည်မရှိတော့သလို ..

သားမျက်နှာနှင့် ခွင့်လွတ် ထားပေးသည့် သူမတို့အပေါ် အပေါ်စီးကနေ ဆက်ဆံခဲ့ကာ...

မိမိကိုယ်ကိုယုံကြည်မူလွန်ကဲနေသော
ထိုမိန်းကလေးက မည်မျှ လှပ ထက်မြက်ကာ ထူးချွန်တော်နေပြီး ပြီးပြည့်စုံနေပါစေ..
နောက်တကြိမ် ဧည့်သည်အနေနှင့်တောင် မိမိတို့
အိမ်ပေါ်ကို ခေါ်မတင်နိုင်တော့ပါ..

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now