အပိုင်း ( ၆ )

24.3K 1.5K 139
                                    

94_club.၏ ဝန်ထမ်းများ စုဝေးရာ အခန်းထဲ
Club.ပိုင်ရှင် သူဠေး, မန်နေဂျာ, စာရေး, စားပွဲထိုး ,
စားဖိုမူးများမကျန် သန့်ရှင်းရေးသမားများအထိ မတ်တပ် တန်းစီကာ ခေါင်းငုံ့လျက်ရှိနေသည်.

ထိုသူများအရှေ့ ဆိုဖာခုံနက်ပေါ်တွင် ခြေကလိန်ချိတ်ပြီး
မသိရင် အမှောင်လောက ဘုရင်လို အထာနှင့်
အခန့်သား စတိုင်ထုတ်ကာ ထိုင်နေသူက ...
Kim Jong In.

" ကျနော် အမုန်းဆုံးအလုပ်က စောင့်ရတာဘဲ !
ကဲ ..အဲတော့က...
ဘယ်တယောက်လဲ ! မြန်မြန်ထွက်လာခဲ့ဗျာ.. "

ခေါင်းငုံနေကြသူများက တယောက်မျက်နှာ
တယောက်လှည့်ကျိရင်း အကျိတွေနင့် လှမ်းမေးနေကြရင်း မည်သူမှန်းမသိဖြစ်ကာ
ချွေးပျံနေကြသည်.

" SajangNim?  "

" Nae..Nae..ပြောပါခင်ဗျာ "

ဝဖိုင့်ဖိုင့်လူကြီးသည် မိမိ၏ ပြောင်နေသော
နဖူးထိပ်မှ ချွေးကိုပင် မသုတ်အား..

Kim Jong In နား သွားကာ
တရိုတကျိုး ခါးကိုင်းရင်း အမိန့်တော် နာခံ
ဖို့ အသင့်ရှိနေသကဲ့ပင်..

"ဘာ ပြောပါလဲ ဗျာ.....
ကျနော် စိတ်မရှည်တော့ဘူးဗျာ. "

" Nae?? Arr. ..  Nae..nae..."

အတန်ကြာမှ သဘောပေါက်သွားပူံရသည့်
သူဠေးက ...

တန်းစီနေသော မိမိဝန်ထမ်းများရှေ့ ရပ်ကာ..

" ကဲ...အဲညက ဘယ်သူလဲ ?
အေး.. ဖုံးကွယ်ထားရင် မင်းတို့အားလုံးကို
လူလဲဖို့ ငါ ဝန်မလေးဘူးနော် .."

ထို စကားက အတည်ဖြစ်သည်.
အဘယ်ကြောင့်ဆိုသော်..
မိမိ ဝန်ထမ်းများ တုတ်တုတ်မျှမလှုပ်ပါက
မိမိ club လဲ ပိုင်ရှင် !လဲ !သွားနိုင်၍ပင် !

"အဲတော့ ကိုယ့်တယောက်တည်းကြောင့်နဲ့
အားလုံး အလုပ်ပြုတ်အောင်တော့ မလုပ်ချင်ပါနဲ့..
ကိုယ်လုပ်ထားရင် အမြန်ဝန်ခံပါ "

အသက်ရှုသံမှတပါး တိတ်ဆိတ်နေသည့် အခန်းထဲ...

" ဟို...ဒီ..ဒီမှာ ခင်ဗျာ "

အသံလာရာစီ အားလုံး လှည့်ကျိတော့..
စားပွဲထိုး ဝတ်စုံနှင့် ကောင်လေးတယောက်ပင်!

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now