အပိုင်း ( ၈ )

22.5K 1.3K 190
                                    


ပိုင်ရှင်၏ မေ့လျော့မူကြောင့် တဖက်ပွင့်နေသော
လိုက်ကာမှ မနက်ခင်းနေရောင်ခြည်သည်...

ဆင်စွယ်ရောင် ခြယ်မှုန်းထားသော အခန်းနံရံထဲရှိ ခေတ်မီပရိဘောဂပစ္စည်းနှင့်အတူ ခေတ်မီ လျှပ်စစ်ပစ္စည်းကိရိယာများဖြင့် ဆန်းသစ်လှပလွန်းသည့် အခန်းကျယ်ထဲ ထိုးဖောက်ဝင်ရောက်နေသည်..

ခြေတိုင်တွင် ကျွန်းကနုပ်ထွင်းထားသည့် နို့နစ်ရောင် ကုတင်ကျယ်ပေါ် သို့ ဖြာကျနေသော မနက်ခင်း၏ နေရောင်ခြည်နွေးနွေးအောက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော လူသားနစ်ဦးသည်
နေရောင်ခြည်ကို ခံစားမိကြပုံပေါ်...

အဝတ်ဗလာခနာကိုယ်ပေါ်တွင် ငွေမျှင်ရောင် pattern လိုင်းဖောက်ထားသော မထူမပါးစောင်အဖြူရောင်ကို
ရင်ညွှန့်အောက်လွမ်းခြုံထားသော လူနစ်ဦးသည်..
အိမ်မက်လှလှနက်နေကြသည့်ဟန်....

နှစ်ဦးစလုံး၏ နှုတ်ခမ်းထက်တွင် အပြုံးကိုယ်စီကို
မသိမသာ ဆင်မြန်းထားကြလေသည်...

ရင်အုပ်ကျယ်ပိုင်ရှင်၏ ရင်ခွင်ထဲ တိုးဝင်ကာ အိပ်ပျော်နေသော သာမန်ထက် ဖြူဖွေးလွန်းသည့် အသားအရည်ပိုင်ရှင်ကောင်လေးကြောင့်... လက်မောင်းတဖက်ကို ခေါင်းအုံးအဖြစ် အသုံးပြူထားစေသော တောင့်တင်းကျစ်လစ်သည့် ခနာကိုယ်ပိုင်ရှင်၏ အသားအရည်က အနည်းငယ် ညိုသယောင်ပင်ရှိနေသည်. ထိုအရာကဘဲ ထိုသူ၏ ယောကျာင်္းပီသမူကို ပံ့ပိုးလိုက်ကဲ့သို့ပင် ဆွဲဆောင်မူရှိစွာ ကြည့်ကောင်းလှသည် ...

မတိုးမကျယ် တံခါးခေါက်သံသည် နေရောင်ခြည်နွေးလိုပင် အိပ်ပျော်နေသော လူသားနစ်ဦးကို မနိုးပေးနိုင်ချေ...

သော့တခုကို သယ်ဆောင်လာခဲ့သော တံခါးခေါက်သူက
အိပ်ခန်းထဲမှ လူနစ်ဦးကို နှောင့်ယှက်လိုသည့် စိတ်နှင့်
မဟုတ်ဘဲ....

တစုံတရာကို အတည်ပြုလိုသော စိတ်ဖြင့် lockချထားသော အခန်းတံခါးကို ခပ်ဖြည်းဖြည်းဆွဲဖွင့်လိုက်လေသည်...

မြင်ကွင်းတခုကို မြင်တွေ့ရပြီးသကာလ...

ခပ်တိုးတိုးကြိတ်ရယ်ကာ အခန်းတံခါးကို တိတ်တဆိတ်ပြန် ဆွဲပိတ်လိုက်သည်.

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now