အပိုင်း ( ၂၀ )

22K 1.3K 129
                                    




" မင်း တကယ် သေချာလား ? Jong in?  "

ကျနော့်မှာ ယခုအချိန် Appaက လွဲပြီး အားကိုးစရာလူ
မရှိတော့သည်မို့....

ကျနော် Appaရဲ့ ရှေ့မှာ ပထမဆုံးအကြိမ် အနေနဲ့ ဒူးထောက်ချလိုက်ပြီး....

" သေချာပါတယ်...ကျနော် Appaပြောသမျှကို တစ်ခုမကျန် နားထောင်ပါ့မယ်...ကျေးဇူးပြုပြီး...
ကျနော့်ကို ကူညီပေးပါ..appa..."

စာကြည့်စားပွဲတွင် ထိုင်နေသည့် appaက ကျနော့်ကို ကြည့်ပြီး သက်ပြင်းချနေသည်...

" ကောင်းပြီလေ....ဒါဖြင့် မင်းကို နောက်ဆုံးအနေနဲ့ အခွင့်အရေးတစ်ခုပေးမယ်....မင်း စစ်မူထမ်းပြီးမှ
ငါ့ company မှာ လာလုပ်မလား...ဒါမှ မဟုတ်ရင်
အခုကတည်းကနေ company မှာ အောက်ခြေကနေ
စလုပ်မလား? စစ်မူထမ်းပြီးရင်တော့ ဒါရိုက်တာ ရာထူး
ပေးမယ်..ဘယ်လိုလဲ ? "

ကျနော် တကယ်လို့ စစ်မူထမ်းသွားလိုက်ရင်
နှစ်နှစ်လုံး ကောင်လေးကို တွေ့ခွင့်မရနိုင်တော့...

အဲလိုသာဆိုရင် ကောင်လေးက ကျနော့်ကို ပို အထင်လွဲရုံမက ပိုမုန်းသွားနိုင်ဖွယ်ရှိသည်....

အဲဒီတော့.....

အခုချိန်မှာ ကျနော့ရဲ့ imageတွေဘာတွေ အရေးမကြီးတော့ပါဘူးလေ!

" ကျနော် company မှာ အနိမ့်ဆုံး ဝန်ထမ်း နေရာကနေ စလုပ်ပါ့မယ်appa. ..ဘယ်ဌာနမဆို Appaထားပေးတဲ့ သဘောအတိုင်းပါ. .."

" ငါ့သားဆိုပြီး မင်းအရေးပေးခံရမှာမဟုတ်ဘူးနော်..
ငါ့သားဖြစ်နေတဲ့အတွက် သူများထက်ပိုပြီး နှစ်ဆ ကြိုးစားရမယ် "

" ကျနော် အစွမ်းကုန်  ကြိုးစားပါ့မယ်..."

" ဟုတ်ပြီလေ...မင်း တိုက်ခန်းကနေ အသွားအပြန်လုပ်ပါ...ခြောက်လ အတွင်း..."

" ဟုတ်ကဲ့..ဒါဖြင့်...Appa  ...ကျနော့်ကို
Sehunနဲ့...."

" ကွာရှင်းစာချုပ်က မင်း လက်မှတ်မထိုးသေးသရွှေ့ အကြုံးမဝင်ဘူး...အဲကိစ္စ ငါ့တာဝန်ထားလိုက်တော့..
အေး...ငါ့ဆီက ခွင့်ပြုချက်မရဘဲ မင်းသဘောနဲ့မင်း
စုံစမ်း သွားလာနေရင်တော့ ငါဆက်ပြီး ကူညီပေးမှာ
မဟူတ်တော့ဘူးနော် ..."

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now