အပိုင်း ( ၂၈ ) Final 💕

40.4K 1.5K 404
                                    


Zhang အိမ်တော်က Zhang yixing ကို
ပြန်ခေါ်နေသည့်အတွက်...

Sehunမိဘများဖြစ်သည့် Zhang Yixing နှင့် Kim Junmyeon သည်....

မိမိတို့မြေးဦးလေး တစ်နှစ်ပြည့်မှ ပြောင်းလာမည်ဟု
ကတိပေးထားသည့်အတိုင်း...

Andy လေး စကားတွေ တီတီတာတာ စပြောတတ်
လာသည့် အချိန်တွင် ...

Hunnieတို့ကို Kimအိမ်တော်ဆီ ပြန်ပို့ကာ...

Oh မျိုးရိုးကို စွန့်ပြီး ပေကျင်းသို့ ပြောင်းရွှေ့သွားရသည်...

Zhang အိမ်တော်ကလည်း မိမိတို့ * မြစ် *ကို မြင်တွေ့ချင်သည့်အတွက် ...

ကျောင်းပိတ်ရက်..ပွဲတော်ရက်များတွင် Kim Jong in
မိသားစုကို Zhang အိမ်သို့ ခနခန အလည်ဖိတ်ကာ လာခိုင်းလေ့ရှိသည်.

ဤတွင်...

Andy ကလေးသည် နှစ်ဖက် ဆွေမျိုး မိဘများ၏
သည်းသည်းလှုပ် အချစ်ခံ တန်ဖိုးထားခံရသည့်
* ရတနာရွှေကြုပ်ကလေး *ဖြစ်လာသည်မို့....

သုံးနှစ်ဆိုသည့်အရွယ်ရောက်လာသည့်အခါ
လုံးဝကို ' Second Version of Kim Jong in '
ဖြစ်လာလေတော့သည်..

မူကြိုပင် အင်္ဂလိပ်စကားပြောသည့် မူကြိုမှ တက်ချင်သည်ဟု ဆိုကာ...

ပုစိနှောက်တောက်ကလေးထဲ က ဒင်းကလေး အလိုကျ ဘိုဆန်ဆန် ဆက်ဆံပေးရလေသည်..

အားလုံးက ဖူးဖူးမုတ်ထားသည်မို့ Sehun
တစ်ခါဆူမိလျှင် Sehun မချော့မချင်း စကားကို
ပြန်မပြောတတ်သည့်...

အကျင့်ဆိုးလေးတွေ ရှိနေပြီဖြစ်သည်..

" An.....dy ....! အောက်ဆင်းပြီး.. ထမင်း အမြန်လာစားတော့...
ကျောင်းနောက်ကျတော့မယ်...လို့....! "

အော်သံကို ကြားသော်လည်း မထူးသည့်
သားတော်မောင်က အခန်းပိတ် နေနေသောအခါ..

Sehun အတော်လေး ဒေါသထွက်လာသည်..

" ဒီကလေးတော့...! "

" Hunnie. ..နေ...နေ...ကိုယ် သွားခေါ်လိုက်မယ်...
Hunnie အဝတ်အစားလဲနှင့်..."

အိမ်အောက်က သော့သွားယူဖို့ လုပ်နေသည့် ကျနော့်ကို
လှမ်းတားကာ ပြောနေသည့် ကိုကိုကြောင့်...

ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ် Where stories live. Discover now