Hey Doctor ♡ ♡ part 1

17.3K 902 6
                                    


>>>>☺ ☺ <<<<<<<<<

Seoul မြို့ရဲ့မနီးမ​ဝေးက History ရွာ​လေး......

ကမ်း​ခြေရွာ​လေးဖြစ်​သည့်​အ​လျောက်​ ပင်​လယ်​​လေကတသုန်​သုန်​​ဆောင်​​သွေးလျက်​......

ကမ်းစပ်​မှာလည်း ​ကျောက်​​ဆောင်​​သေး​သေး​လေး​တွေက ခပ်​စိပ်စိပ်​က​လေး တည်​ရှိလျက်​...

ထို​ကျောက်​​ဆောင်​​လေး​တွေကို လှိုင်းလုံးဖြူဖြူ​လေး​တွေရိုက်​ခတ်​​နေပုံမှာ တစ်​မျိုးတစ်​မည်​ကြည့်​၍လှ​နေသည်​....

ထို​ကျောက်​​ဆောင်​​တွေထဲက ​ကျောက်​​ဆောင်​တစ်​ခု​ပေါ်မှာ ဒူးတစ်​ဖက်​​ထောင်​ကာ ​ခြေပစ်​လက်​ပစ်​ထိုင်​​နေ​သော​ကောင်​​လေးတစ်​​ယောက်​...

ပူ​ဆွေးမှု ..၀မ်းနည်းမှု...​ဖြေမဆည်​နိုင်​မှု...ယူကျုံးမရမှုတို့ရဲ့အရိပ်​အ​ယောင်​​တွေက မျက်​နှာအနှံ့..........

မျက်​၀န်နှင့်​အပြည့်​မျက်​ရည်​​တွေကလည်းပါးပြင်​​ပေါ်တစ်​လိမ့်​ချင်းစီးကျလျက်​.....

''Baek....Baekhyun-ah...''

''၄နှစ်​....၄နှစ်​ပြည့်​သွားပြီ​နော်​...မင်းတစ်​​ယောက်​ထဲဒီပင်​လယ်​ကြီးထဲမှာ​နေ ​နေရတာ.....မင်းသိလား..ခုလိုပင်​လယ်​​လေ​တွေတိုက်​​နေရင်​​လေ..
အရမ်း​အေးတာပဲ...မင်းဆို​ရေထဲမှာ ​နေ​နေရတာ...အရမ်း​အေး​နေမှာပဲ​နော်​....Baek-ah...
Mianhae...jinja...jinja mianhae...😥😥

ငါ့​ကြောင့်​...ငါ့​ကြောင့်​မင်း ခုလိုဖြစ်​ရတာ...ငါအသုံးမကျလို့ပါကွာ...ငါသာမင်းကိုမသွားခိုင်းခဲ့ရင်​...တားမိခဲ့ရင်​..မင်းခုလိုဖြစ်​မှာမဟုတ်​ဘူး...အရာအားလုံးကငါ့အမှား​တွေချည်းပဲBaekhyun ရာ...ငါ​..ငါ​လေ...ငါ့ကိုယ်​ငါခွင့်​မလွှတ်​နိုင်​ဘူးကွာ...''

ပင်​လယ်​ဘက်​ကိုကြည့်​ရင်း ယူကြုံးမရ​အော်​ဟစ်
ငို​နေ​သော​ကောင်​​လေး....

မျက်​၀န်းအိမ်​ကလည်း မျက်​၇ည်​​တွေကျရလွန်း၍နီရဲလျက်​.....

ရင်​ဘတ်​ကိုထု၍ ရှိုက်​ကြတငင်​ငို​ကြွေး​နေသည့် ထို​ကောင်​​လေးကို ကျွန်​​တော်​​ငေးကြည့်​​နေမိသည်​....

Hey Doctor ♡ ♡ [Completed]Where stories live. Discover now