part 8

6.4K 509 0
                                    


Kyung sooကိုသွား၃၂​ချောင်းလုံး​ပေါ်​အောင်
ဖြီးပြကာ အမြန်​ဆုံးနည်းနဲ့ ပန်းကန်​လုံးစီးပြီး
ဆေးရုံထဲက​ပြေးထွက်​လာလိုက်​သည်​.....

သွက်​လက်​​သော​ခြေလှမ်းများဖြင့်​ သူ့ပိစိဆီသို့.....

ဟူး...က​လေး​တော့ ဗိုက်​ဆာ​နေ​တော့မယ်​........

ခပ်​​သွက်​သွက်​​ခြေလှမ်းများဖြင့်​​ဆေးရုံအပြင်​ကိုထွက်​လာမိ​တော့ ဆီးကြို​နေတာက မှိုင်းညှို့ညှို့မိုးသားပြင်​....

မိုးရွာမယ်​ထင်​တယ်​...
က​လေးဘယ်​မှာလဲမသိဘူး..
မိုးမရွာခင်​သူ့ကိုရှာမှဖြစ်​မယ်​....

ဘောင်းဘီအိတ်​ထဲက ဖုန်းကိုထုတ်​ပြီး
Message ဆို​သော​နေရာ​လေးအား​ထောက်​လိုက်​သည်​....

''Baekဘယ်​မှာလဲ...ကိုယ်​အပြင်​​ရောက်​​နေပြီ..''

အပိုအလိုမပါ​သော စာ​တို​လေးအားသူ့ဆီပို့လိုက်​ပြီး​နောက်​မိနစ်​​၀ပ်​​လောက်​အကြာ ဖုန်းမီး​လေးလင်းလာသည်​...

''​ဆေးရုံနားက ကစားကွင်းမှာ...
ကျွန်​​တော်​ဗိုက်​ဆာ​နေပြီမို့မြန်​မြန်​လာခဲ့ပါ..''

ဖုန်း​လေးကြည့်​ကာ ပြုံးမိရင်း သူ​ပြော​သော​နေရာသို့သွားလိုက်​သည်​...

ကောင်းကင်​ကတစ်​ဖြည်းဖြည်းပိုအုံ့မှိုင်းလာကာ
မိုးစက်​​လေး​တွေပင်​တစ်​​စတစ်​စ ကျလာ​လေပြီ...
က​လေးကိုကား ရှာမ​တွေ့​သေး.....

အတန်​ကြာရှာပြီး​နောက်​ ဒန်း​လေး​တစ်​ခု​ပေါ်တွင်​ထိုင်​​နေ​သော သူ့အား​တွေ့လိုက်​ရသည်​...

မ​ပြေးရုံတမယ်​​ခြေလှမ်းကြဲများဖြင့်​သူ့ဆီသွားလိုက်​ပြီး
သူ့အားခါး​ထောက်​ကာ ငုံကြည့်​လိုက်ပြီး အလှဆုံးပြုံးပြလိုက်​သည်​....

''ကဲ... သခင်​​လေး..ကျွန်​​တော်​မျိုး​ရောက်​ပါပြီ...
မိုး​တွေရွာ​နေတာကို ဒီတိုင်းထိုင်​​နေရသလား..
ထ..ဗိုက်​ဆာ​နေတယ်​ဆို...''

''ကျွန်​​တော့်​ကိုဆွဲထပါ...''

လက်​​လေးနှစ်​ဖက်အား ကျွန်​​တော်​ရှိရာဆီ ကမ်း​ပေးပြီး
ချစ်​စဖွယ်​ပြုံးပြကာ ​ပြောလာ​သော သူ့စကားကို
ကျွန်​​တော်​မလွန်​ဆန်​နိုင်​....

Hey Doctor ♡ ♡ [Completed]Where stories live. Discover now