~~23~~

5.6K 423 10
                                    

''မ​တွေ့တာကြာပြီ​နော်​ Chanyeollie....
ကျွန်​​တော်​ Wu Baekhyunပါ....မင်းငါ့ကိုမှတ်​မိမယ်​ထင်​ပါတယ်​....''

''ဘာရယ်​....''

ဆုပ်​ကိုယ်​ထား​သော လက်​​လေးအား ​အလန့်​တကြားလွှတ်​ချပြီး ​ခြေတစ်​လှမ်းဆုတ်​မိ​တော့
ကုတင်​​ပေါ်က ​ကောင်​​လေးက ခပ်​ဟဟရယ်​သည်​.....

''သိပ်​များလန့်​သွားသလား Chanyeollie..
မ​မျှော်​လင့်​ထားခဲ့ဘူးမဟုတ်​လား....''

မျက်​၀န်းတည့်​တည့်​ကို စူးစူးစိုက်​စိုက်​ကြည့်​ပြီး​ပြောလာ​သောသူ.......

ကျွန်​​တော်​ချစ်​ရ​သော Byun Baekhyunဆိုသည့်​က​လေးငယ်​သည်​ ဘယ်​​သောအခါမှ လူတစ်​​ယောက်​၏မျက်​၀န်းကို တည့်​တည့်​ကြည့်​ကာစကားမ​ပြော.....

နှုတ်​ခမ်းကိုသာ ကြည့်​ကာ ​ပြောတတ်​သူ.....

သို့​သော်​.....

အတိတ်​တစ်​ချိန်​က ချစ်​ဖူးခဲ့သူ...Wu Baekhyun....

ထိုသူမှာ မည့်​သူ့ကိုမဆို မျက်​၀န်းတည့်​တည့်​စိုက်​ကြည့်​ကာ ရဲဝံ့စွာ​ပြောဆိုတတ်​သူ.......

Chanyeollie.......

ထိုအသုံးအနှုန်းသည်​လည်း Wu Baekhyunတစ်​​ယောက်​တည်းကသာ ​ခေါ်​ဝေါ်​သော အသုံးအနှုန်း.....

သေချာသည်​.....
မျက်​စိ​ရှေ့ရှိ​နေသူမှာ....
Byun Baekhyunမဖြစ်​နိုင်​.........

''ဘယ်​..ဘယ်​လိုလုပ်​ပြီး....''

''အရမ်းကိုစိတ်​အားငယ်​​နေပြီး စိတ်​​တွေဂ​ယောက်​ဂယက်​ဖြစ်​​နေတဲ့ လူတစ်​​ယောက်​ရဲ့ ခန္ဓာကိုယ်​ကို ခဏငှါးဖို့ဆို​တော့ ခက်​တဲ့ကိစ္စမှမဟုတ်ပဲ Chanyeollieရယ်​.....ဟက်​..''

ဆံနွယ်​ဖြူဖြူများလှုပ်​ခတ်​သွားသည်​အထိ....
နှုတ်​ခမ်းပါး​ပေါ်ကမှဲ့နက်​က​လေး ​နေရာ​ရွေ့သွားသည်​အထိ....

သူရယ်​သည်​......

''ဘာအတွက်​လဲ.......
သူ့ကိုယ်​ထဲ ၀င်​​နေရတဲ့ မင်းရဲ့ရည်​ရွယ်​ချက်​ကဘာလဲ...
သူ..သူ​ရော..ဘာဖြစ်​သွားပြီလဲ.....''

''သိပ်​မစိုးရိမ်​ပါနဲ့ Doctorရယ်​....သူ့စိတ်​၀ိဥာဉ်​​လေးက ခဏ​လောက်​အိပ်​​ပျော်​​နေယုံ​လေးပါ....အင်း...မင်းနဲ့ငါ စကားနည်းနည်း​ပြောစရာရှိလို့​လေ....''

Hey Doctor ♡ ♡ [Completed]Where stories live. Discover now