~~22~~

5.4K 430 23
                                    


''Yeolအခုကျွန်​​တော့်​ကို ရူး​နေတယ်​လို့​ပြောချင်​တာလား.....''

အံ့သြရိပ်​များလွှမ်း​သော မျက်​၀န်းတို့ဖြင့်​ Baekhyun
Chanyeolကိုကြည့်​ကာ​မေးသည်​....

''က​လေး...ကိုယ်​ရှင်းပြ.....''

''ဘာကိုရှင်းပြမလို့လဲ....ခင်​ဗျားအခုလုပ်​လိုက်​တဲ့လုပ်​ရပ်​က ကျွန်​​တော့်​ကိုရူး​နေတယ်​လို့သွယ်​၀ိုက်​​သောနည်းနဲ့​ပြောလိုက်​တာပဲ​လေ.....ခင်​ဗျားဗျာ......''

နှုတ်​ခမ်းဖျား​လေးများတဆတ်​ဆတ်​တုန်​လာမတတ်​....
မျက်​၀န်းအိမ်​မှ ပုလဲဥတို့ ​ကြွေလုမတတ်​.....

Baekhyun Chanyeolအား မယုံကြည်​နိုင်​​သောအကြည့်​တို့ဖြင့်​ စူးစိုက်​ကြည့်​​နေသည်​......

''ကိုယ်​ တိကျတဲ့အ​ဖြေတစ်​ခုရမှဖြစ်​မယ်​​လေ.....
နေ့စဉ်​ရက်​ဆက်​ က​လေးခုလိုဖြစ်​​နေတာ​တွေမြင်​​နေရတာ
ကိုယ်​ဘာမှမခံစားရဘူးထင်​လို့လား......
နာကျင်​ရတယ်​သိလား.....ကိုယ်​တစ်​​​ယောက်​လုံးအနားမှာရှိ​နေလျက်​နဲ့ မ​စောင့်​​ရှောက်​​ပေးနိုင်​တဲ့ခံစားချက်​က​လေ....နှလုံးသား​တွေပွင့်​ထွက်​မတတ်​ နာကျင်​ရတယ်​ဆိုတာ က​လေးသိလား....!!.''

Chanyeol​ပြော​နေရင်းပင်​ မျက်​လုံးများနီလာကာ
မျက်​ရည်​များကျလာသည်​......

အ​ခြေအ​နေမဟန်​​တော့သည်​မို့ Kris​ဘေးက​နေ​ချောင်းဟန့်​လိုက်​ရသည်​...

''အဟမ်း...Chanyeol shi...အပြင်​ထွက်​​ပေးပါ..ကျွန်​​တော်​ လူနာနဲ့စကား​ပြောရမှာမို့....''

''ကျွန်​​တော်​ ခင်​ဗျားလူနာမဟုတ်​ဘူး....''

ခပ်​စူးစူးကြည့်​ကာ တုန့်​ပြန်​​လိုက်​​သော Baekhyun​ကြောင့်​ Kris​ခေါင်းတဆတ်​ဆတ်​ငြိမ့်​သည်​....

''ဟုတ်​ပါပြီ...Baekhyun shi...Baekhyun shiမှာ စိတ်​​ရောဂါမရှိဘူးဆိုတာကို ကျွန်​​တော်​တို့ အတည်​ပြုဖို့လိုတာမို့ ​ကျေးဇူးပြုပြီး ကျွန်​​တော်​နဲ့​အတူ​ဆွေး​နွေး​ပေးပါ.....ဒါမှသာ ​နောက်​ဆက်​တွဲကျွန်​​တော့်​တို့ဘာလုပ်​ရမလဲ သိရမှာ​လေ....''

Baekhyun မျက်​၀န်းတည့်​တည့်​ကြည့်​ကာ ခပ်​​အေး​အေး​ပြောလာ​သောKris....

Hey Doctor ♡ ♡ [Completed]Where stories live. Discover now